ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၈)၊ အမှတ်(၂၃) တွင် အေအိုင်ပြောသော ကိုယ်ကိုယ်တိုင်ဆိုသော စကား၏ အဓိပ္ပာယ်ကို နားလည်သွားသည့် ပုပုအကြောင်းကို သရုပ်ဖော်ထားသည့် “ကျွန်တော်နှင့် အေအိုင်” မျက်နှာဖုံး ကာတွန်း၊ သူတစ်ပါးကို ကူညီပေးတတ်သော မြဂျိုးနှင့် ကူညီပေးရမည်ကို ကြောက်သော ဟိန်းစည်တို့ သူငယ်ချင်းနှစ်ယောက်အကြောင်းကို သရုပ်ဖော်ထားသည့် “မြဂျိုးနဲ့ အခမဲ့ကူညီခြင်းရဲ အကျိုး” နှစ်မျက်နှာကာတွန်း၊ စပိုက်ဒါမန်း ဖြစ်ချင်သော ညီပုကို ခွေးက လိုက်ကိုက်သောကြောင့် ပြေးခဲ့ရသည် ကို သရုပ်ဖော်ထားသည့် “ညီပု” တစ်မျက်နှာကာတွန်း၊ သူငယ်ချင်းနှစ်ယောက်ပြောသည့် ခြင်အန္တရာယ် နှင့် ပတ်သက်သည့်အကြောင်းကို ကြား၍ စည်းကမ်းရှိသွားသည့် ကိုထက်အကြောင်း သရုပ်ဖော်ထားသည့် “ခြင်အန္တရာယ်” နှစ်မျက်နှာကာတွန်း၊ သူ့ဖခင်၏ ရှင်းပြပေးမှုကြောင့် သူငယ်ချင်းများက မှန်ကြောင်၊ စာကြမ်းပိုးဟုခေါ်လည်း မရှက်တော့သည့် ထူးထူးအကြောင်းကို သရုပ်ဖော်ထားသည့် “စာကြမ်းပိုးလေး” နှစ်မျက်နှာကာတွန်းနှင့် မြဂျိုးလိုက်ပြသည့် ငါးအကြီးကြီးရှိသောနေရာကိုတွေ့၍ အံ့ဩသွားသည့် ကောင်းထက်နှင့် ဟိန်းစည်တို့အကြောင်း သရုပ်ဖော်ထားသည့် “မြဂျိုးနှင့် ငါးမျှားသူများ” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
ကလေးတို့အနေနှင့် လေတိုက်ခြင်းအကြောင်းနှင့် ပတ်သက်၍ ဗဟုသုတရရှိစေရန် ရေးသားထားသည့် “လေတိုက်ခတ်ခြင်း” သုတဆောင်းပါးကဏ္ဍ၊ ကလေးတို့စိတ်ကြိုက် အရောင်လေး များ ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ကဏ္ဍ၊ ကျော်ဦး ရှင်းပြသွားသည့် ‘ပညာသည်သာ မျှော်လင့်ခြင်း အလင်းရောင်’ ဆိုသည်နှင့်ပတ်သက်၍ ထွန်းတောက်နှင့် ကျော်အောင်တို့လည်း သူတို့ဘဝအတွက် ပညာသည်သာ အရေးကြီးသည့်အကြောင်းကို ရေးသားထားသော “ကျေးဇူးတင် တယ် သူငယ်ချင်း” ဝတ္ထုကဏ္ဍ၊ ကလေးတို့အနေနှင့် မောင်ညိုလေးကို အတုယူပြီး စာကို ကြိုးစားကြရန်နှင့် သူတစ်ပါးကို အထင်မသေးရန် ရေးသားထားသည့် “မောင်ညိုလေးကို အတုယူပါ့မယ်” ပုံပြင် ကဏ္ဍနှင့် ကျောင်းများ ပြန်ဖွင့်သည့် ဇွန်လတွင် မိုးနှင့်အတူ ဇွန်ပန်းများ ဖွေးနေအောင်ပွင့်ပုံ၊ ကျောင်းသားများ အဖြူနှင့်အစိမ်း တူညီဝတ်စုံ ဝတ်ဆင်၍ ကျောင်းတက်ကြပုံအကြောင်း ရေးဖွဲ့ထားသည့် “ဖြူစိမ်းတူညီ ကျောင်းတော်သား” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စကားပြောဆိုရာတွင် သဘာဝကျနစွာ ပြောဆိုလေ့လာနိုင်မည့် “အခြေခံလိုအပ်သည့် အီဒီယမ်” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။