ဘာသာပြန်စာမူပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်စာမူပြဋ္ဌာန်း

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်သည် ဘာသာပြန် စာပေဖွံ့ဖြိုးရေးနှင့် ဘာသာပြန်ဝါသနာရှင်များ တိုးပွားရေးအတွက် စာပေဗိမာန်စာမူဆု ဘာသာပြန် စာမူပြိုင်ပွဲကို နှစ်စဉ် ဖိတ်ခေါ်ကျင်းပလျက်ရှိရာ ၂၀၂၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ ဘာသာပြန်စာမူပြိုင်ပွဲအတွက် ပြဋ္ဌာန်းစာအုပ်များကို စတင်ရောင်းချလျက်ရှိပါသည်။

၂၀၂၅ ခုနှစ်အတွက် ဘာသာပြန်ပြဋ္ဌာန်းစာအုပ်မှာ Yuval Noah Harari ရေးသားသည့် Homo Deus: A Brief History of Tomorrow မှ အပိုင်း (၁) တွင် ပါဝင်သည့် အခန်း (၂) ခန်းကို ထုတ်နုတ်ပြဋ္ဌာန်းထားသည့် စာအုပ်ဖြစ်ပါသည်။

ယင်းစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ရှိ စာပေဗိမာန်အရောင်းဆိုင်၊   ဖုန်း- ၀၁၈-၃၈၁၄၄၈၊ သပြေကုန်း၊ နေပြည်တော်ရှိ စာပေဗိမာန်အရောင်းဆိုင် ဖုန်း-၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇၊ ၈၆လမ်း၊ ၂၁ × ၂၂ ကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ရှိ စာပေဗိမာန်အရောင်းဆိုင် ဖုန်း ၀၂- ၄၀၃၀၁၈၆ တို့တွင် တန်ဖိုးငွေကျပ် (၂၃၀၀) ဖြင့် ဝယ်ယူရရှိ နိုင်ပါသည်။

ပြိုင်ပွဲဝင်စာမူတင်သွင်းရာတွင် သတ်မှတ်ထားသည့် ပြိုင်ပွဲဝင်ပုံစံဖြင့် တင်သွင်းခြင်းကိုသာ လက်ခံမည်ဖြစ်ပါသည်။ ပြိုင်ပွဲဝင်ပုံစံနှင့် စည်းကမ်းချက်များကို စာပေဗိမာန်ရုံးတွင် ငွေကျပ် (၅၀၀) ဖြင့်သော်လည်းကောင်း၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ Website www.moi.gov.mm/ppd တွင် အခမဲ့သော်လည်းကောင်း ရယူနိုင်ပါသည်။ နယ်မှ ပြိုင်ပွဲဝင်လိုသူများသည် စာအုပ်တန်ဖိုးနှင့် စာအုပ်ပို့ခအပါအဝင် စုစုပေါင်း ငွေကျပ် (၉၀၀၀) ကို ငွေပို့လွှာဖြင့် ဥက္ကဋ္ဌ၊ စာပေဆုများ အုပ်ချုပ် ထောက်ပံ့မှုကော်မတီ၊ စာပေဗိမာန်ရုံး၊ အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊  ဖုန်း-၀၁၈-၃၈၁၄၄၉ သို့ လိပ်မူ၍ မှာယူနိုင်ပါသည်။

ပြိုင်ပွဲဝင်စာမူများကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက် နောက်ဆုံးထား၍ အထက်ဖော်ပြပါ လိပ်စာသို့ပင် လိပ်မူ၍ ပေးပို့ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
 

အကြံပြုစာ/တိုင်ကြားစာ