ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ ရသစာတမ်း ဒုတိယဆုရရှိသည့် စာရေးသူ သုတိဩဘာ (ဆင်ပေါင်ဝဲ)၏ ‘ရွာဦးကျောင်း ဆရာတော်တစ်ပါး၏ ဘဝမှတ်တမ်း’စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် စာတမ်းတို (၂၇) ပုဒ် ပါဝင်သည်။ အကြောင်းကြောင်းကြောင့် စိတ်ဝမ်းကွဲ ပြီး မညီမညွတ်ဖြစ်နေသော ရွာနှစ်ရွာရှိ ရွာသူရွာသားများကို ညီညွတ်မျှတ၊ သဟဇာတဖြစ်လာအောင် စာရေးသူရဟန်းက ခက်ခက်ခဲခဲ ကြိုးပမ်းရင်း ကိုယ်တိုင်ရင်ဆိုင်ကြုံတွေ့၊ ဒုက္ခအဖုံဖုံ၊ စိန်ခေါ်မှုမျိုးစုံ တို့ကို လောကအကြောင်း၊ ဓမ္မကြောင်းတို့ဖြင့်လည်းကောင်း၊ ဟာသနှော၍လည်းကောင်း စိတ်ဝင်စား ဖွယ်ဖြစ်အောင် ရေးဖွဲ့ခြယ်မှုန်းထားသည့် ရသစာစုများပါဝင်သော စာအုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၄၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။