“အောင်ကြည်ညွန့် (တက္ကသိုလ်)” ရေးသားသည့် “မြန်မာနိုင်ငံ၏ လူထုပညာရေးကြိုးပမ်းဆောင်ရွက်မှုသမိုင်းကို လေ့လာတင်ပြခြင်း (၁၉၄၈-၂၀၀၂)” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“အောင်ကြည်ညွန့် (တက္ကသိုလ်)” ရေးသားသည့် “မြန်မာနိုင်ငံ၏ လူထုပညာရေးကြိုးပမ်းဆောင်ရွက်မှုသမိုင်းကို လေ့လာတင်ပြခြင်း (၁၉၄၈-၂၀၀၂)” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေဆု သုတေသနစာပေ၊ ပထမဆုရရှိသည့် စာရေးသူ အောင်ကြည်ညွန့် (တက္ကသိုလ်) ၏ “မြန်မာနိုင်ငံ၏ လူထုပညာရေးကြိုးပမ်းဆောင်ရွက်မှုသမိုင်းကို လေ့လာတင်ပြခြင်း (၁၉၄၈-၂ဝဝ၂)” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။

ဤစာအုပ်တွင် မြန်မာနိုင်ငံစာတတ်မြောက်ရေးသမိုင်း တစ်နည်းအားဖြင့် မြန်မာနိုင်ငံ ပညာရေးသမိုင်းကို ရှေးခေတ်မှသည် ယနေ့ခေတ်၊ (၁၉၄၈-၂ဝဝ၂) ကျော် ကာလအထိ ခေတ်အဆက်ဆက် လူထုနည်းဖြင့် စာတတ်မြောက်ရေး ကြိုးပမ်းလှုပ်ရှားမှုကို သုတေသနပြုကာ စုစည်းဖော်ပြထားသည်။

မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံအရ ဘုန်းတော်ကြီးကျောင်းများသည် ကျေးရွာရှိ ကလေးသူငယ်များကို အခမဲ့ စာသင်ပေးခဲ့သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် စာမသင်ခဲ့ရသည့် သက်ကြီးများအတွက် စာတတ်မြောက်ရေးလှုပ်ရှားမှုကို ဖဆပလအစိုးရက (၁၉၄၈-၁၉၅၈) ခုနှစ်အထိ လူထုပညာရေးစီမံကိန်း အပါအဝင် (၁၉၆၄-၁၉၈၈) ခုနှစ်အထိ ဆောင်ရွက်ခဲ့သော စာတတ်မြောက်ရေး စီမံကိန်းကြီးများကို စာရင်းဇယား၊ မြေပုံ၊ ဓာတ်ပုံများနှင့်တကွ ပြည့်စုံစွာ အသေးစိတ် ဖော်ပြထားသည်။ ယူနက်စကိုမှ ချီးမြှင့်သော မိုဟာမက်ရေဇာပါလာဗီဆုနှင့် နိုမာဆုများရရှိခဲ့ပုံ၊ ပြည်သူနှစ်သန်းကျော် စာတတ်မြောက် သွားကြပုံ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် ဒေသခံ ဆရာ၊ ဆရာမ နှစ်သိန်းကျော် လုပ်အားပေးကြပုံ၊ နာမည်ကျော်ကြား လူကြိုက်များခဲ့သော “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” ဇာတ်ကားကြီးအဖြစ် မှတ်တမ်း တင်နိုင်ခဲ့ပုံတို့ကို စုံစုံလင်လင် ဖော်ပြထားသည်။

စာရေးသူကိုယ်တိုင် အသုံးလုံးစီမံကိန်း၊ ကျောင်းပြင်ပ ပညာရေးစီမံကိန်းတို့တွင် ပညာရေး၊ သုတေသန အရာရှိအဖြစ် နှစ်ပေါင်းများစွာ ပါဝင်ဆောင်ရွက်ခဲ့ရာ ဤသုတေသနကျမ်းသည် စာရေးသူ၏ စာတွေ့ ကိုယ်တွေ့ နှစ်ရပ်ပေါင်းရလဒ်အဖြစ် ထွက်ပေါ်လာသော သမိုင်းဝင်သုတေသနကျမ်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပညာရေးသမိုင်း၊ ပညာရေးလောကအတွက် အကျိုးပြုနိုင်စွမ်းရှိသည့် ကျမ်းတစ်စောင် ဖြစ်သည်။

အဆိုပါစာအုပ်ကို ရောင်းဈေး ၂၅ဝဝ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေ ဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉ဝ၃၁၊ ဝ၁၈-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ ဝ၉-၄၄၉၅၄ဝ၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄ဝ၃ဝ၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကား မှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ဝ၁၈-၂၄၉ဝ၃၁၊ ဝ၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ