၄-၄-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၄)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂)နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍      ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်းထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၄)၌ ကိုယ့်ပတ်ဝန်းကျင် သာယာလှပရန် ကိုယ်တိုင်ကြိုးစားထိန်းသိမ်းရမည်ကို နားလည်သဘောပေါက်သွားသည့် အိအိတို့ မောင်နှမနှစ်ယောက် အကြောင်းကို သရုပ်ဖော်ထားသည့် “တာဝန်ကိုယ်စီရှိပါသည်” မျက်နှာဖုံးကာတွန်း၊ အလုပ်လုပ်ခိုင်းထားသည်ကို ပြီးမြောက်အောင်မလုပ်သည့် ညီပုနှင့် ‌ဒေါသဖြစ်သွားသည့် သူ့ဦးလေးတို့ အကြောင်းကို သရုပ်ဖော်ထားသည့် “ညီပု” နှစ်မျက်နှာကာတွန်း၊ ထူးထူးနှင့် ကျော်ကျော်တို့ အရင်တွေ့ထားသည့် ပိုက်ဆံသည် သူတို့၏လောဘကြောင့် သူတစ်ပါးလက်ထဲသို့ ရောက်ရှိသွားပုံကို သရုပ်ဖော်ထားသည့် “လောဘကြီးမိလို့” တစ်မျက်နှာကာတွန်း၊ နားနှင့် ပတ်သက်သည့် ကျန်းမာရေး ဗဟုသုတများကို သူငယ်ချင်းများအား မျှဝေပေးသည့် ဖိုးဇော်အကြောင်း သရုပ်ဖော်ထားသည့် “မျှဝေပြောပါ” နှစ်မျက်နှာကာတွန်း၊  
မသင်္ကာစရာ လူကြီးနှစ်ဦးကို ဖမ်းဆီးရန် ကြိုးစားကြရာမှ လွဲမှားမှုဖြစ်ခဲ့ကြသည့်  ဖြိုးရဲနှင့် သူ၏ သူငယ်ချင်းတို့အကြောင်း သရုပ်ဖော်ထားသည့် “လွဲပြန်ပြီ” နှစ်မျက်နှာကာတွန်းနှင့် သူများအိမ်က သတင်းစာကို ချီလာတတ်သည့် ခွေးလေးအောင်နက်ကျော်နှင့် ခွေးပိုင်ရှင် ပန်ပန်တို့အကြောင်းကို ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် ကာတွန်း ပီတီကေ၏ “ပန်ပန်နှင့် အောင်နက်ကျော်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ခန္ဓာကိုယ်အတွက် ကျန်းမာရေး ကောင်းကျိုးများစွာ ရရှိမည့် ကြက်သွန်ဖြူအကြောင်း ဗဟုသုတရရှိစေရန် ရေးသားထားသည့် “ကြက်သွန်ဖြူ (Garlic) စားသုံးခြင်းနဲ့  ကျန်းမာရေး အကျိုးကျေးဇူးများ” သုတဆောင်းပါးကဏ္ဍ၊ ပြည်သူသို့ အသိပညာပေးထားသည့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး နှိုးဆော်ချက်၊ စာကလေးဇနီးမောင်နှံသည် ကိုယ့်ပျော်ရွှင်မှုအတွက် သူတစ်ပါးဒုက္ခရောက်အောင် လုပ်ဆောင်ခဲ့၍ မြွေကြီး၏စားခြင်းကို ခံလိုက်ရသည့် အကြောင်း ရေးသားထားသည့် “သူများမျက်ရည်” ပုံပြင်ကဏ္ဍ၊ ကလေးတို့စိတ်ကြိုက် အရောင်လေးများ ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်” ဉာဏ်စမ်းကဏ္ဍ၊     အင်္ဂလိပ်စာအနေ နှင့် အကြွေးဝယ်ကတ်ပြားပိုင်ရှင်တစ်ဦးက သူ့ကတ်ပြားတွင် မှားယွင်းပြီး ကျသင့်ငွေ တောင်းခံထားခြင်း၊ ဖြတ်တောက်ထားခြင်းကို သက်ဆိုင်ရာတာဝန်ရှိသူနှင့် အပြန်အလှန်ပြောဆိုထားသည့်အကြောင်း ရေးသားထားသည့် “ရွှေသွေးစကားဝိုင်း” အင်္ဂလိပ်စာကဏ္ဍနှင့် တန်ခူးလတွင် ပိတောက်ပန်းများပွင့်ပုံနှင့်  သင်္ကြန်ပွဲတော် ဆင်နွှဲကြပုံအကြောင်း ရေးဖွဲ့ထားသည့် “မာပါစေကြောင်း ဆုမွန်တောင်း” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။  
 

အကြံပြုစာ/တိုင်ကြားစာ