“နေခြည်မောင် (မြောင်းမြ)” ရေးသားသည့် “နေခြည်ဝင်းပ အလင်းတစ်စ အလှကဗျာများ” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

“နေခြည်မောင် (မြောင်းမြ)” ရေးသားသည့် “နေခြည်ဝင်းပ အလင်းတစ်စ အလှကဗျာများ” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေဆု၊ ကဗျာပေါင်းချုပ်၊ ပထမဆုရရှိသည့် စာရေးသူ “နေခြည်မောင် (မြောင်းမြ)” ၏ “နေခြည်ဝင်းပ အလင်းတစ်စ အလှကဗျာများ” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။

ယင်းစာအုပ်၌  ကဗျာ (၆၁) ပုဒ် ပါရှိပြီး မြန်မာကဗျာရေးဖွဲ့ထုံးစနစ်များအတိုင်း ရေးဖွဲ့ထား သော ကဗျာများဖြစ်သည်။ မြန်မာကဗျာဖွဲ့နည်းများထဲမှ လေးလုံးစပ်လင်္ကာ၊ ဒွေးချိုး၊ လေးဆစ်ချိုး၊ လေးချိုး၊ လွမ်းချင်း၊ ဗုံထောက်သံ၊ ရတု၊ အိုင်ချင်း၊ တေးထပ်ဟူ၍ ဖွဲ့နည်းများ စုံလင်စွာရေးဖွဲ့ထားပြီး ရေးဖွဲ့တင်ပြဟန်၊ အကြောင်းအရာတို့လည်း ကောင်းမွန်စုံလင်သည်။ မြန်မာ့ယဉ်ကျေးမှုနှင့် ကျေးလက်ဓလေ့ များကို ဖော်ကျူးသည့် ကဗျာများ၊ နှလုံးသားအာဟာရဖြစ်စေမည့် ကဗျာများ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကဗျာများ၊ ရဲစိတ်ရဲမာန် စိတ်ခွန်အားပေးကဗျာများ စသည်ဖြင့် အကြောင်းအရာ စုံစုံလင်လင် ရေးဖွဲ့ထားသည်။ ဂုဏ်၊ အလင်္ကာမြောက် အဖွဲ့အနွဲ့များဖြင့် ရသရော သုတပါ ပေးစွမ်းသည့် ကဗျာစာအုပ် တစ်အုပ်ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၃၀ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ