ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ သုတပဒေသာ (ရိုးရိုးသိပ္ပံနှင့်အသုံးချသိပ္ပံ) တတိယဆုရရှိသည့် ဒေါက်တာ ချိုနိုင် (အေးချမ်း ရိပ်)၏ ‘အလေးအနက်ထားစရာ လျစ်လျူရှုခံရောဂါများ’ စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် လျစ်လျူရှုခံရောဂါအမျိုးပေါင်း ၂၀ ရှိသည့်အနက် အရေပြားရောဂါ ဖြစ်သော ဘူးရှီလာအရေပြား အနာရောဂါ၊ အနာကြီးရောဂါ၊ ဝဲရောဂါ၊ ယောရောဂါ၊ လစ်ရှ်မာနီယပ် အရေပြားရောဂါ၊ မြစ်ကမ်းနား မျက်စိကွယ်ရောဂါ၊ ဆင်ခြေထောက်ရောဂါ၊ အနာအိုင်ရောဂါနှင့် ယားယံခြင်းကိုဖြစ်စေသော ခရုကိုက်ရောဂါ၊ သန်လုံးကောင်ရောဂါ၊ တုပ်ကောင်ရောဂါ စသည်တို့၏ ရောဂါတစ်ခုချင်းအလိုက် ရောဂါပိုး၊ ရောဂါလက္ခဏာများ၊ ရောဂါကူးစက်ပုံတို့ကို ပြည့်စုံစွာ ဖော်ပြ ထားသည်။ အဆိုပါ Neglected Tropical Disease ခေါ် လျစ်လျူရှုခံရောဂါအမျိုးပေါင်း ၂၀ မှာ ကမ္ဘာတစ်ဝန်း အဖြစ်များနေသည့်တိုင် ကာကွယ်တိုက်ဖျက်ရေးအတွက် အခက်အခဲနှင့် စိန်ခေါ်မှုများ ရှိနေပုံစသည်တို့ကို ရောဂါတိုက်ဖျက်ရေးရှုထောင့်မှ တတ်စွမ်းသမျှ ဖော်ထုတ်ရေးသားထားသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၄၀၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။