၂၁-၂-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၈)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန် ရုံးသည် အသက် (၁၂)နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍     ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်းထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၈)၌ စက်ဘီးစီး၍ ဒဏ်ရာရသွားသော ပုပုကို သူငယ်ချင်းများက မုန့်နှင့် အားပေးစကား လာရောက်ပြောသည့်အခါ မိမိအမှားကို သိ၍ သူငယ်ချင်းများအပေါ် အနိုင်ယူခဲ့မိ သည်ကို နောင်တရသွားသည့်အကြောင်း သရုပ်ဖော်ထားသည့် “ပုပုပါဝင်သည့် အနိုင်မယူချင်တော့ပါ” မျက်နှာဖုံးကာတွန်း၊ သူငယ်ချင်းများအပေါ် အနိုင်ကျင့်သည့် လင်းထက်အကြောင်း သရုပ်ဖော်ထားသည့် “ဖြိုးရဲနှင့် ညီလင်းထက်” နှစ်မျက်နှာကာတွန်း၊ ကျောင်းသားဆိုလျှင် ကျောင်းသားအလုပ် လုပ်ကြရမည် ဖြစ်ကြောင်း ညီပုက နီကြောင်ကို ရှင်းပြထားသည်ကို သရုပ်ဖော်ထားသည့် “ညီပု” တစ်မျက်နှာ ကာတွန်း၊ သားဇော်က သူ့အရုပ်ရထားလေးကို ပျက်စီးအောင် လုပ်မိသည့် ခွေးလေးကို စိတ်ဆိုးသွား သည့်အကြောင်း သရုပ်ဖော်ထားသည့် “ဘယ်လို ဖြစ်သွားပါလိမ့်” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်း ပျောက်သွားသော ပိုက်ဆံကို ကောက်ရ၍ ပြန်ပေးလိုက်သည့် မြဂျိုး၏ စိတ်ထဲတွင် လွတ်လပ်ပေါ့ပါးသွားသည့်အကြောင်း သရုပ်ဖော်ထားသည့် “ငါးထောင်တန်လေး တစ်ရွက်” နှစ်မျက်နှာကာတွန်းနှင့် ဆရာမက ဟင်းချက်ရာတွင် အသုံးပြုသည့် ပစ္စည်းများထွက်ရှိရာနေရာကို တပည့်များအား မေးမြန်း ထားသည့်အကြောင်း သရုပ်ဖော်ထားသည့် “ပေါက်စီရဲ့ စမူဆာ” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတကဏ္ဍအနေဖြင့်  ဥသြငှက်အကြောင်း ဗဟုသုတဖြစ်ဖွယ်ရေးသားထားသည့် “အခြားငှက်များ၏အသိုက်တွင် ဥ ဥတတ်သော ငှက်” သုတဆောင်းပါးကဏ္ဍ၊ တိရစ္ဆာန်တွေအပေါ် အနိုင်ကျင့်ပြီး ဖမ်းစားလေ့ရှိသော မိကျောင်း၏လျှာကို ယုန်ပညာရှိက ဖြတ်လိုက်သည့်အကြောင်း ရေးသားထားသည့် “ကြောင်လျှာသီး” ပုံပြင်ကဏ္ဍ၊ ချက်ပု ကျက်နေသော ပထဝီဝင်ဘာသာရပ်ကို မြေပုံနှင့် တကွ စာသား များကို ရှင်းပြပေးသည့် ချက်ပု၏ ဖခင်အကြောင်းကို ရေးသားထားသည့် “အဖေက ဆရာပါ” ဝတ္ထုကဏ္ဍ၊ အိမ်မွေးခွေးကလေးကို တိရစ္ဆာန်ဆေးခန်းသို့ မသွားခင် ရေချိုးပေးသည့်အကြောင်းကို အသုံးအနှုန်း မတူဘဲ အဓိပ္ပာယ်တူပြောဆိုသည့်အကြောင်း ရေးသားထားသည့် “ရွှေသွေးစကားဝိုင်း” အင်္ဂလိပ်စာ ကဏ္ဍနှင့် မိဘများသည် သားသမီးများ အပေါ်တွင် အသက်ကိုပေးကာ ဆရာများက တပည့်များအပေါ် အနာဂတ်ကို ပေးပုံနှင့် လူငယ်များသည် နည်းပညာများ ရှာဖွေသင့်ပုံကြောင်း  ရေးဖွဲ့ထားသည့် “အနာဂတ်မှာ” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။  
 

အကြံပြုစာ/တိုင်ကြားစာ