၁၇ - ၁ - ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃) ၌ ပျော်ရွှင်မှုကို ရရှိလိုသောကြောင့် နေရာအနှံ့ရှာဖွေခဲ့သော်လည်း မိသားစုကသာ မိမိ၏ ပျော်ရွှင်မှုအစစ်ဟု သိရှိသွားသော ဝက်ဝံမလေးဖွေးဖွေးအကြောင်းကို သရုပ်ဖော်ထားသည့် “ပျော်စေတဲ့ နည်း” မျက်နှာဖုံးကာတွန်း၊ သူတစ်ပါးကို ဒုက္ခရောက်စေလိုသော စိတ်ဖြင့် ပြုလုပ်ခဲ့သော်လည်း မိမိတွင် သာ ဒုက္ခနှင့် ကြုံတွေ့ခဲ့ရပုံကို သတိပြုဖွယ် သရုပ်ဖော်ထားသည့် “ကိုဆူးနှင့် ဝဏ္ဏ” နှစ်မျက်နှာကာတွန်း၊ မိမိအသက်ကို ကယ်ခဲ့သူကို စားရန်ကြိုးစားခဲ့၍ ဒုက္ခရောက်ခဲ့ရသော ကျားကြီးအကြောင်းကို သရုပ်ဖော် ထားသည့် “မောင်ပိုနဲ့ ကျားကြီး” နှစ်မျက်နှာကာတွန်း၊ ခြေထောက်နာဟန်ဆောင်ကာ သူတစ်ပါးကို လိမ်လည်၍ အကူအညီတောင်းတတ်သည့် လင်းထက်တစ်ယောက် ဖားကြောက်၍ ထွက်ပြေးခဲ့ရပုံကို သရုပ်ဖော်ထားသည့် “ဖြိုးရဲ - ဖားကြောက်သူ”  နှစ်မျက်နှာကာတွန်း၊ ဘကြီး၏ ကွမ်းတစ်ယာညက် အကြာမှာ တစ်နေကုန် ဖြစ်သွားကြောင်းကို ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “ကိုပိန်ညောင် ပါဝင် သော ကွမ်းတစ်ယာညက်” တစ်မျက်နှာကာတွန်းနှင့် ကမ္ဘာကြီးလုံးဝန်းကြောင်းကို ပြောပြသည့် မြဂျိုး အကြောင်းကို သရုပ်ဖော်ထားသည့် “မြဂျိုးနှင့် ကမ္ဘာလုံးဝန်းကြောင်း” မျက်နှာဝက်ကာတွန်းတို့ ပါဝင် ပါသည်။

သုတဆောင်းပါးကဏ္ဍတွင် သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်တတ်သည့် သွေးအားနည်းရောဂါ အကြောင်းကို ဗဟုသုတရဖွယ် ရေးဖွဲ့ထားသည့် “ကလေးများတွင် သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်တတ် တဲ့ သွေးအားနည်းရောဂါ” သုတဆောင်းပါး၊ ကလေးများ ကစားရာ၌ အန္တရာယ်ကင်းကင်းဖြင့် ကစား တတ်စေရန် ရေးသားထားသည့် “ရှေ့ကြည့်နောက်ကြည့်” ဝတ္ထု၊ အစာစားသည့်အခါ၌ မည်မျှပင် ကောင်း စေကာမူ မိမိဝမ်းနှင့် မျှတရုံသာ စားသောက်သင့်ကြောင်း ရေးဖွဲ့ထားသည့် “မရဏကျွန်း” ပုံပြင်တို့ ပါဝင် ပါသည်။ ထို့ပြင် ကလေးတို့ ပေးပို့သော ပန်းချီလက်ရာများကို ဖော်ပြထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍ၊ နောက်ဆုံး၌ y နှင့်ဆုံးသည့် အင်္ဂလိပ်စကားလုံးများကို ရေးသားခြင်းဖြင့် ကလေးတို့ကို အင်္ဂလိပ်စာ ဝေါဟာရ တိုးပွားစေမည့် ဉာဏ်စမ်းကဏ္ဍနှင့် သောက်စားမူးယစ်ခြင်းတွင် ဘီယာ၊ ဝိုင်တို့ပါ ပါဝင်ကြောင်း နှင့် မူးယစ်ဟူသမျှ ရှောင်ရှားရမည်ဖြစ်ကြောင်းတို့ကို သီကုံးရေးစပ်ထားသည့် “ရှောင်လေဝေးဝေး မူးယစ်ဆေး” ကဗျာတို့ ပါဝင်ပါသည်။ 

အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အီဒီယမ်များအပါအဝင် Two-word Verb ဟု ခေါ်သော Phrasal Verb များ၏ အသုံးများနှင့် ပတ်သက်သည်များကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
 

အကြံပြုစာ/တိုင်ကြားစာ