စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု ဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုရရှိသည့် စာရေးဆရာမ လွမ်းနိုနို (ဘော်မြေ) ၏ “မေတ္တာပန်းတို့ လန်းစွင့်ဝေဖြာ မြေအောက်ကမ္ဘာနှင့် ဝတ္ထုတိုပေါင်းချုပ်” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ဤစာအုပ်တွင် ဝတ္ထုတို (၁၀) ပုဒ် ပါဝင်သည်။ “နာရီမှုတ်တော့ အလုပ်ခေါ်၊ လခထုတ်တော့ အပြုတ်ဆော်” ဟူသောဆောင်ပုဒ်နှင့်အညီ လခထုတ်တော့ ကြွေးရှင်များကို အကုန်အပ်ကြရသော မြေအောက်ကမ္ဘာထဲမှ မိုင်းလုပ်သားဝန်ထမ်းများ၏ ဘဝတူချင်းကူညီရိုင်းပင်းစောင့်ရှောက်ကြပုံများ၊ သွေးစည်းညီညွတ်ကြပုံများ၊ ချစ်သူရည်းစားကို ပြောင်းလဲအစားထိုး၍ရသော်လည်း မိဘနှင့် မိသားစု ကိုမူ ပြောင်းလဲအစားထိုး၍ မရသောကြောင့် အလှမ်းမခက်ပေမဲ့ အနမ်းခက်သည့် ချစ်သူနှစ်ဦး၏ ရင်နင့်ကြေကွဲပုံ၊ ဖောက်ပြန်သောလင်ယောကျ်ားနှင့် ယောက္ခမတို့၏နှိပ်ကွပ်ချိုးနှိမ်မှုဒဏ်ကို ရင်သွေး ငယ်နှစ်ဦးအတွက် ကြိတ်မှိတ်ခံစားနေခဲ့ရရှာသော မိခင်တစ်ဦး၏ အနှိုင်းမဲ့မေတ္တာ၊ ဇနီးမယားက လင်ယောကျ်ားနှင့် သားသမီးများ၏ စားဝတ်နေရေးတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နေသော် ငြားလည်း ဖောက်ပြားသည့်ခင်ပွန်းက ရက်စက်ယုတ်မာလွန်းသောကြောင့် နာကြည်းခံပြင်းစွာ စွန့်ခွာသွားသည့် ဇနီးတစ်ဦး၏ ပြတ်သားသောစိတ်ဓာတ်၊ ဝေးလံခေါင်ပါးပြီး လမ်းပန်းဆက်သွယ် ရေးခက်ခဲသော နယ်စွန်နယ်ဖျားတွင် ပွဲငတ်နေကြသောကြောင့် စုပေါင်းကလေး အရပ်ဇာတ် ကပြရင်းက စည်းလုံးညီညွတ်မှုကြောင့် အပျော်ရလဒ်ကိုရလာကြပုံ၊ ရုပ်ဝတ္ထုများ တိုးတက်လာ ချိန်တွင် ရိုးသားပွင့်လင်းမှုများ လျော့နည်းသွားကြပြီး လောဘ၊ ဒေါသ၊ မောဟများ ဖုံးလွှမ်းသွား ကြပုံ၊ ရိုးရိုးအရိပ်သည် အလင်းရောင်ပျောက်ကွယ်သွားချိန်တွင် မရှိတော့ပေမဲ့ အကုသိုလ်ဆိုသည့် အသံမဲ့အရိပ်သည် အကျိုးပေးချိန်တန်လျှင် အမြဲတမ်းရှိနေဆဲဖြစ်ကြောင်း ဘဝနှင့်ရင်းပြီးမှ သိရပုံ၊ မိဘနှင့် သားသမီးတို့ကြား ဖြစ်လေ့ရှိသည့် မိသားစုပြဿနာများ စသည်ဖြင့် ရသသုတစုံလင်စွာဖြင့် စိတ်ဝင်စားဖွယ်ကောင်းစွာ ရေးဖွဲ့ထားသောကြောင့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး ၄၅၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်¬¬¬¬ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ¬¬¬(ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊     ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကား မှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ