စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ နိုင်ငံရေးစာပေ ဒုတိယဆုရရှိသည့် စာရေးဆရာ မောင်မင်းထင် (မြစ်ဝကျွန်းပေါ်) ၏ “လွတ်လပ်ရေးကြေညာစာတမ်းကို လေ့လာဖွင့်ဆိုချက်” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်၊ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် နယ်ချဲ့လက်အောက် ကျွန်သပေါက်ဘဝမှ လွတ်မြောက်ခဲ့ရာ ထိုလွတ်လပ်ရေးနေ့မှာပင် သမိုင်းဝင် “လွတ်လပ်ရေးကြေညာစာတမ်း”ကို ထုတ်ပြန်ခဲ့သည်။ လွတ်လပ်ရေးကြေညာစာတမ်းတွင် “အောင်စေသတည်း” နှင့်ဖွင့်၍ စာပိုဒ် ခြောက်ပိုဒ် ပါရှိသည်။ စာပိုဒ်တစ်ပိုဒ်ချင်းတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဇာတိသွေး ဇာတိမာန်ထက်သန်ပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အမိမြန်မာနိုင်ငံတော် အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး လှုံ့ဆော်သတိပေး ခြင်းများပါရှိပြီး “အဆိုပါ လွတ်လပ်ရေးကြေညာစာတမ်းကို တစ်ကမ္ဘာလုံး တစ်ယောက်မကျန် ကြားသိစေသတည်း” ဟု ကြွေးကြော်ထားရာ မျိုးချစ်စိတ်ဓာတ်ကို ထက်သန်နိုးကြွစေသည်။ မြန်မာ့လွတ်လပ်ရေးကြေညာစာတမ်းကို တစ်ကမ္ဘာလုံး တစ်ယောက်မကျန် ကြားသိစေရမည်ဟု ကြွေးကြော်ထားသော်လည်း မြန်မာနိုင်ငံသားများထဲမှ လုံးဝမသိသူ၊ မကြားဖူးသူများရှိနေလေရာ အလွန်ဝမ်းနည်းစရာပင် ကောင်းလှသည်။ ဤသည်ကို ဤစာမူ ပြုစုသူက ဖြည့်ဆည်းပံ့ပိုး ပေးသည့်အနေဖြင့် လွတ်လပ်ရေးကြေညာစာတမ်းကို ရေးသားကြသူများ၊ လွတ်လပ်ရေးကြေညာ စာတမ်းပါ အကြောင်းခြင်းရာများနှင့် မြန်မာတိုင်းရင်းသားမျိုးနွယ်များ၏ လွတ်လပ်ရေးရရှိသည် အထိ ကြိုးပမ်းလှုပ်ရှားမှုများကို အထောက်အထားများနှင့်တကွ ပြုစုရေးသားထားရာ ဇာတိသွေး ဇာတိမာန် ထက်သန်စေမည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။ 

အဆိုပါ စာအုပ်ကို ရောင်းဈေး  ၅၅၀၀ ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။ 
 

အကြံပြုစာ/တိုင်ကြားစာ