အင်ကြင်းမေ၏ “စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်နှင့် ကလေးဝတ္ထုတိုများ” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု ကလေးစာပေ ဒုတိယဆုရရှိသည့် စာရေးဆရာမ အင်ကြင်းမေ၏ “စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်နှင့် ကလေးဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

 ဤစာအုပ်တွင် ဝတ္ထုတို (၁၈) ပုဒ် ပါဝင်သည်။ မိုးရွာသွန်းချိန် ရေမတင်အောင် မြောင်းထဲမှ အမှိုက်သရိုက်များကို ဆယ်ထုတ်ကြသည့် ကလေးများ၏ ပရဟိတလုပ်အားပေးကြပုံ၊ ကမ္ဘာ့အမြင့်ဆုံး ထိုင်တော်မူ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လက်တွေ့ဖူးမြော်ခွင့်ရခြင်းဖြင့် တန်ဖိုးမဖြတ် နိုင်သော ဗဟုသုတများ ရရှိခဲ့ပုံ၊ အချို့သော အနောက်နိုင်ငံကြီးများ၌ ကျင်းပသည့် Halloween Day အကြောင်းနှင့် မြန်မာနိုင်ငံ၌ မကျွတ်မလွတ်သူများအတွက် ကောင်းမှုကုသိုလ်များပြုလုပ်ပြီး မေတ္တာပို့ အမျှဝေသည့်ဓလေ့တို့ ခြားနားပုံ၊ စည်းလုံးညီညွတ်လျှင် အကျိုးခံစားရပြီး ဇွဲမလျှော့ခြင်းသည် အားကစားစိတ်ဓာတ်ဖြစ်ပုံတို့ကို ပြေပြစ်သောစကားပြေအရေးအသားတို့ဖြင့် ဇာတ်အိမ်ဖွဲ့ တင်ပြထား သည်ကို တွေ့ရှိရသည်။ စာအရေးအသားများသည် ရိုးစင်း၍ ဝတ္ထုရေးဖွဲ့ရာတွင်လည်း စာရေးသူ၏ စေတနာကို တွေ့မြင်ရကာ ကလေးများအတွက် ဗဟုသုတဖြစ်ဖွယ်၊ အားကျဖွယ်၊ အတုယူဖွယ် ဖြစ်သဖြင့် ဝယ်ယူသိမ်းထားဖွယ်ကောင်းသော စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။


အဆိုပါစာအုပ်ကို ရောင်းဈေး ၃၅၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်¬¬¬¬ဆိုင် (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် ¬¬¬(ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊     ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကား မှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁၈-၂၄၉၀၃၁၊ ၀၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ