“ညိမ်းညို” ရေးသားသည့် “ရင်သွေးရတနာ ကလေးကဗျာများ” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ ကလေးစာပေတတိယဆုရ စာရေးသူ ညိမ်းညို၏ “ရင်သွေးရတနာ ကလေးကဗျာများ”စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။
ယင်းကဗျာစာအုပ်တွင် ကဗျာ (၆၄) ပုဒ် ပါဝင်သည်။ မြန်မာ့ဓလေ့နှင့်အညီ နံနက်မိုးသောက်ချိန်၌ ရှင်တော်ဗုဒ္ဓအား ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူ၍ မေတ္တာပို့ အမျှဝေပုံ၊ သစ်သီးဝလံများ၏ အမည်တို့တွင် တိရစ္ဆာန်အမည်များ မှည့်ခေါ်ထားကြပုံ၊ ပြည့်ရိက္ခာဖူလုံစေဖို့ ဦးကြီးတို့၏ ပျိုးကြဲချိန်၊ ကောက်စိုက်ချိန်၊ ကောက်ရိတ်သိမ်းချိန်၊ ကောက်သစ်စားပွဲကျင်းပပုံ၊ လူသားတို့ကို အကျိုးပြုလျက်ရှိသည့် မိတ်ဆွေသစ်ပင်များ ရှိပုံ၊ လူတို့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင် အမျိုးမျိုးကို အစားအစာများမှ ရရှိနိုင်ပုံတို့ကို ရွတ်ဆိုရလွယ်ကူ၍ ချိုသာသောအသံတို့ဖြင့် ရေးဖွဲ့တင်ပြထားရာ ရင်သွေးတို့အတွက် ရတနာထိုက်သော ကဗျာစာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
ယင်းစာအုပ်ကို ရောင်းစျေး (၂၅ဝဝ)ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁ ၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ဝ၁-၈၂၄၉ဝ၃၁ ၊ ဝ၁ - ၈၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ ဝ၉-၄၄၉၅၄ဝ၆၆၇)၊ ၈၆ လမ်း ၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂- ၄ဝ၃ဝ၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ် များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်¬စာအုပ်ဆိုင် (ဖုန်း ဝ၁-၈၂၄၉ဝ၃၁ ၊ ဝ၁ - ၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။