“ဌေးသစ်လွင် (ပရိမ္မ)” ရေးသားသည့် “ထနောင်မြထီး ဘဝခရီးကဗျာများ” စာအုပ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု ကဗျာပေါင်းချုပ် ပထမဆုရရှိသည့် စာရေးသူ “ဌေးသစ်လွင် (ပရိမ္မ)” ၏ “ထနောင်မြထီး ဘဝခရီး ကဗျာများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင်  ကဗျာပုဒ်ရေ (၇၁) ပုဒ် ပါဝင်သည်။ ရေးဖွဲ့ထားသော ကဗျာများမှာ လေးလုံး စပ်၊ ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ တြာချင်း၊ သံချို အစရှိသည်ဖြင့် ကဗျာအမျိုးအစား စုံလင်ပြီး မြန်မာဂန္ထဝင် စပ်ထုံးစပ်နည်းနှင့် ညီညွတ်စွာ ဖွဲ့ဆိုထားသည်ကို တွေ့ရှိရသည်။ မြန်မာ့ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများ၊ ကျေးလက်နေပြည်သူတို့၏ ချစ်ခင်ဖွယ်ရာ ရိုးသားဖြူစင်မှုများ၊ သဘာဝပတ်ဝန်းကျင် ရှုခင်းအလှများ၊ အမိအဖတို့၏ ကျေးဇူးတရားကို ဖော်ကျူးထားသည်များ၊ လူငယ်လူရွယ်တို့ အတွေးအခေါ် ရင့်ကျက်စေရေးနှင့် လိမ္မာရေးခြားရှိစေရေးအတွက် သွယ်သွယ်ဝိုက်ဝိုက် ဆုံးမလမ်းညွှန်ထားသည်များ စသည်ဖြင့် ဖွဲ့ဆိုသော အကြောင်းအရာများ စုံလင်သည်။ ရေးဖွဲ့သမျှသော ကဗျာတိုင်းသည် ဖတ်ချင့်စဖွယ် စကားလုံးအလှများဖြင့် တန်ဆာဆင်ထားသည်။

အဆိုပါစာအုပ်ကို ရောင်းဈေး (၅ဝဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေ ဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၁၈-၂၄၉ဝ၃၁၊ ဝ၁၈-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ ဝ၉-၄၄၉၅၄ဝ၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄ဝ၃ဝ၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကား မှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ဝ၁၈-၂၄၉ဝ၃၁၊ ဝ၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
 

အကြံပြုစာ/တိုင်ကြားစာ