စာရေးသူ မြတ်ကုမာရ ရေးသားသော “အနာဂတ်အလင်းရောင်လေညင်းဆောင် လူငယ့်ပုံရိပ် စာစုများ” စာအုပ်ကို စာပေဗိမာန်က ပထမအကြိမ် ထုတ်ဝေလိုက်ပါသည်။
စာအုပ်တွင် စာရေးသူ၏ ပြည်တွင်းပြည်ပ အတွေ့အကြုံများ၊ လူငယ်ဘဝ ကိုယ်တိုင်တွေ့ကြုံ ခံစားရသည်များကို ရေးသားထားသော ကြုံဆုံသမျှ Exhibitor ဘဝ၊ ကြုံဆုံသမျှ အလုပ်သင် Organizer ဘဝ ၊ အနာဂတ်အလင်းရောင် လေညင်းဆောင်၊ လက်တစ်ကမ်းသာ၊ ဖြတ်သန်းကာလ EC/ CEC/JSG ဘဝ၊ နှစ်အိမ့်တစ်အိမ်၊ မြန်မာ ပါဝင်ခဲ့သော ကမ္ဘာ့ EXPO 67 အကြောင်း တစေ့ တစောင်း၊ ကောင်းနိုးရာရာ၊ International Cooperation Round-table on AI တွင် ပါဝင်ခဲ့ရာဝယ်၊ ပို့ကုန်မြှင့်တင်ရေးမှသည် ကုန်သွယ်မှု ပိုငွေ ရစေဖို့၊ အနေရယ် ဝေးတော့မှ၊ ခွင့်ပြုဦးမယ်ဆိုရင်၊ သံအမတ်ကြီးနှင့် လေယာဉ်ကွင်း တစ်ခေါက်၊ ကျွန်တော် တစ်ဖြစ်လဲ ကျွန်တော်နှင့် ကျင်းပဆင်ယင် ဘိသေကသဘင် စသည့် ဆောင်းပါး (၁၅) ပုဒ်ကို စုစည်းဖော်ပြထားပါသည်။
စာအုပ်ပါ ဆောင်းပါးများသည် လူငယ်များကို တိုးတက်ကြီးပွားစေလိုသော၊ ခေတ်မီမီ ကမ္ဘာ ကြည့် ကြည့်မြင်စေလိုသော၊ အမိအဘ၊ အဘိုးအဘွားတို့၏ ကျေးဇူးတရား၊ မိတ်ကောင်း ဆွေကောင်း တို့၏ တန်ဖိုးနှင့် စေတနာတို့ကို တန်ဖိုးထားတတ်စေလိုသော စိတ်စေတနာအရင်းခံဖြင့် စိတ်ဝင်စား ဖွယ်ကောင်းအောင် ရေးသားထားသဖြင့် ဗဟုသုတရှာမှီးလိုပြီး ရသစာပေကို နှစ်ခြိုက်သူ လူငယ် စာဖတ်ပရိသတ်များ ဖတ်ရှုသင့်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
စာအုပ်တွင် စာမျက်နှာ ၁၈၁ မျက်နှာပါဝင်ပြီး တန်ဖိုး ၃၅၀၀ ကျပ်ဖြင့် ရန်ကုန်၊ အမှတ် ၅၂၉- ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိစာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိစာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) တို့တွင် ဝယ်ယူ ရရှိနိုင်ကြောင်း သတင်းရရှိသည်။