၉- ၅- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၉)ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေလ ၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၉)၌ သခင်အပေါ်ရော မိတ်ဆွေအပေါ်ပါ သစ္စာရှိသော ခွေးအိုကြီးအကြောင်း သရုပ်ဖော်ထားသည့် “သစ္စာရှိသူ” မျက်နှာဖုံးကာတွန်း၊ အဆိပ်ငွေ့များကို မှုတ်ထုတ်တတ်သည့် နဂါးကြီး၏ အန္တရာယ်ကို နှိမ်နင်းပေးနိုင်ခဲ့သော လူငယ်လေးတစ်ဦးအကြောင်း သရုပ်ဖော်ထားသည့် “နဂါးနိုင်” နှစ်မျက်နှာကာတွန်း၊ ဖိုးကောင်းထံ ပညာဒါန ပေးလှူခဲ့ကြသော ဖိုးကောင်း၏ သူငယ်ချင်းများအကြောင်း သရုပ်ဖော်ထားသည့် “သူငယ်ချင်းကောင်းတစ်စု” နှစ်မျက်နှာကာတွန်း၊ နှာမောင်းရှိခြင်း၏ အကျိုးကျေးဇူးကို ကောင်းစွာ နားလည်သဘောပေါက်သွားသော ဆင်မလေး မိုမိုအကြောင်း သရုပ်ဖော်ထားသည့် “လှချင်သော ဆင်မလေး မိုမို” နှစ်မျက်နှာကာတွန်း၊ ဘွားဘွား၏ ဆံပင်ဖြူများကို ပြန်ပြီး နက်မှောင်သွားစေမည့် နည်းလမ်းကောင်းကို အကြံပေးလိုက်သော ဟန်သီမအကြောင်း သရုပ်ဖော်ထားသည့် “ဟန်သီမ” တစ်မျက်နှာဟာသ ကာတွန်းနှင့် ဖခင်ဖြစ်သူ ရာထူးတိုး၍ မု့န်ဖိုး ပိုရတော့မည်ဆိုသော ဘယ်ကျော်အကြောင်း သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတကဏ္ဍအနေဖြင့် သမုဒ္ဒရာအောက် အစာကွင်းဆက်၏ အခြေခံဖြစ်သော ရေအောက် ရေပူစမ်းထွက်ပေါက်အကြောင်း ရေးသားထားပါသည်။ ပုံပြင်ကဏ္ဍတွင် အမှားများကနေ ရယ်စရာ ကောင်းပြီး ချစ်စရာကောင်းသော အရာလေးများ ဖြစ်လာနိုင်ကြောင်း ဖတ်ရှုရမည် ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် သီးပင်စားပင်များကို မိမိကိုယ်ပိုင် တစ်နိုင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူး များကို ရေးသားထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် အသိဉာဏ်ပညာရှိခြင်း၏ တန်ဖိုးကြီးမားပုံအကြောင်း ရေးစပ်ထားသည့် ဆရာ မင်းနီခိုင် (မောင်တော)၏ “ပညာတံခွန်” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အီဒီယမ်များအပြင် Two-word Verb ဟုခေါ်သော Phrasal Verb များအကြောင်း ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။ 

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။   
 

အကြံပြုစာ/တိုင်ကြားစာ