၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၆ ခုနှစ်၊ မတ်လ၊ အတွဲ (၅၃)၊ အမှတ် (၃) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင်ပါဝင်သော စာမူများ ကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှ အနာဂတ်ဘဝသာယာမည်၊ လူငယ်ရေးရာကဏ္ဍတွင် ပညာရေးအင်အား၊ ယုံကြည်ချက် အတွက် အသက်ရှင်ချင်သူ၊ အလွယ်ဆုံးလား၊ အခက်ဆုံးလား၊ တစ်ကိုယ်ရေ ယှဉ်ပြိုင်ခြင်း၊ ဟယ်လင်နဲ့ အေရီ၊ ခေါင်းဆောင်ကြည့်ကြစို့၊ လူသားနှင့် ဘဝတာဝန်၊ ပန်းယွန်းအနုပညာ၊ ကဗျာ ကဏ္ဍတွင် တေးနုသံသာ ကွယ်သောခါဝယ်၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ပထဝီနိုင်ငံရေး လမ်းကြောင်းများနှင့် ကမ္ဘာလုံးဆိုင်ရာ သံခင်းတမန်ခင်း၊ ဉာဏ်ရည်တု၏ အားသာချက်နှင့် အားနည်းချက်၊ ပြုပြင်ရေးသမား တရားသူကြီး၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် တောမီး၊ အတောင်ပံတစ်ချက်ပင် မခတ်ဘဲ နာရီပေါင်းများစွာ လေဟုန်စီးနိုင်သော ပင်လယ်စင်ရော်ငှက်၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် စီးပွားရေးအသိုက်အဝန်း တည်ငြိမ်ရေး အားလုံးပူးပေါင်းပါဝင်ပေး၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍတွင် စွဲလမ်းရာတွေကို ဖြတ်နိုင်ဖို့ရာ၊ မူပိုင်ခွင့်ဆိုင်ရာကဏ္ဍတွင် မူပိုင်ခွင့်ဥပဒေသည် အကာအကွယ်ပေးရန်ဖြစ်၊ အမုန်းစကားဆိုင်ရာကဏ္ဍတွင် ကလေးများကို အမုန်းစကားအကြောင်း ပြောပြနည်း၊ ကျန်းမာရေး ဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၈၇)၊ ဆိုက်ကိုပက်သစ် ကိုယ်ရည်ကိုယ်သွေး (Psycho- pathic Personality)၊ ဆီးချိုဝေဒနာရှင်များအတွက် အကောင်းဆုံး လက်ဖက်ရည်များ၊ ကိုယ်ခန္ဓာမှ မိုက်ခရိုပလတ်စတစ်များကို ဖယ်ရှားမည့် ဆန်းသစ်သောကုထုံးများ၊ ဝတ္ထုတိုကဏ္ဍတွင် ဗိုလီနား လွင်ပြင်မှာ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် စာပေ၏ ဂုဏ်ကျေးဇူး၊ ဦးခေါင်းတွင် သံချွန်စိုက်ဝင်နေတဲ့ ကောင်ကလေး၊ အထွေထွေကဏ္ဍတွင် ထာဝရ အမှတ်တရ၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်စာအုပ်ဆိုင်၊ ဖုန်း ၀၉-၄၄၉၅၄၀၆၆၇၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂-၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။