မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကြီး (စာပေဗိမာန်) က ပထမအကြိမ် ထုတ်ဝေခဲ့သည့် ၁၉၀၀ ပြည့်နှစ်မှ ၁၉၅၀ ပြည့်နှစ်အထိ နှစ်ငါးဆယ်အတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ တိုးတက်မှု များကို ယနေ့ခေတ်ပြည်သူလူထု သိရှိလေ့လာနိုင်ရန်နှင့် ဗဟုသုတဖြစ်စေရန်အတွက် ‘နှစ်ငါးဆယ် သယ်ယူပို့ဆောင်ရေး’ စာအုပ်ကို စာပေဗိမာန်က ဒုတိယအကြိမ်အဖြစ် ပြန်လည်ပုံနှိပ်ထုတ်ဝေ လိုက်ပါသည်။
ထိုသို့ပြန်လည်ထုတ်ဝေရာတွင် မြန်မာစာလုံးပေါင်းသတ်ပုံများကို မြန်မာစာအဖွဲ့၏ သတ်ပုံ ကျမ်းပါ စာလုံးပေါင်းအတိုင်း ပြင်ဆင်သည်မှအပ နိုင်ငံခြားဝေါဟာရများကို မူရင်းစာအုပ်ပါအတိုင်း ပြန်လည်ဖော်ပြထားပါသည်။ အဆိုပါစာအုပ်တွင် မော်တော်ကားများ ပေါ်လာပုံ၊ သယ်ယူ ပို့ဆောင်ရေးတွင် ခေတ်သစ်ရောင်ခြည်ပေါ်ထွန်းခဲ့ပုံ၊ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော်ပျံသန်းခဲ့ ခြင်း၊ မော်တော်ကားများ အထူးခေတ်စားလာပုံ၊ လင်းဗတ်ချီးကျူးခြင်းခံရပုံနှင့် ၂၀ စုနှစ် ကူးသန်း သွားလာရေး စသည်ဖြင့် တိုးတက်လာသည့် သယ်ယူပို့ဆောင်ရေးကဏ္ဍများကို စုစည်းဖော်ပြထား ပါသည်။
စာအုပ်တွင် စာမျက်နှာ (၁၁၁) မျက်နှာပါဝင်ပြီး အဆိုပါစာအုပ်ကို ရောင်းဈေး (၂၅၀၀) ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄၀၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ် ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။