ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ၂ဝ၂၃ ခုနှစ်၊ စာပေဗိမာန်စာမူဆု၊ စာပဒေသာ တတိယဆုရ စာရေးသူ မောင်လှကျော် (ပန်းတောင်း) ၏ “ရွှေဂေဟာမှူး၏ ပေးကူလမ်းပြ ဘဝမြေပြင်” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ထိုစာအုပ်သည် ပရဟိတဂေဟာတစ်ခု ထူထောင်ရသည်မှာ တဒင်္ဂတစ်ခဏအလုပ်မျိုးမဟုတ်၊ နှစ်ပေါင်းရှည်ကြာ ရေရှည်လုပ်ငန်းဖြစ်သည့်အလျောက် ကြီးမားသောဆန္ဒ၊ ခိုင်မြဲသောစေတနာ၊ မလျှော့သော ဇွဲ၊ လုံ့လတို့ဖြင့် ထူထောင်ပါမှ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ရေးသားထားသော စာအုပ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မြန်မာလူမျိုးတို့၏ မေတ္တာ၊ စေတနာသဒ္ဓါတရားတို့၏ ပြယုဂ်ဖြစ်သော “ပရဟိတဂေဟာ” များစွာ ပေါ်ထွက်လာသည်မှာ ကြိုဆိုဝမ်းသာပီတိဖြစ်ရခြင်း အကြောင်း အရာတစ်ခုဖြစ်သည်။ ထိုသို့ ပရဟိတဂေဟာများ ထူထောင်ရာတွင် တွေ့ရှိလာရသော အခက်အခဲ၊ ကြုံဆုံရသောဒုက္ခတို့ကို ရင်ဆိုင်ကျော်လွှား၍ အောင်မြင်မှုပန်းတိုင်ရောက်အောင် ထားရှိခဲ့သော မြန်မာ့စေတနာများကို ကောင်းမွန်စွာဖော်ဆောင်နိုင်ခဲ့သော စာပဒေသာစာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။
အဆိုပါစာအုပ်ကို ရောင်းဈေး (၄၅ဝဝ) ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေ ဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၁၈-၂၄၉ဝ၃၁၊ ဝ၁၈-၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ ၀၉-၄၄၉၅၄ဝ၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းးကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄ဝ၃ဝ၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကား မှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ဝ၁၈-၂၄၉ဝ၃၁၊ ဝ၁၈-၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။