၇- ၃- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၀) ထွက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၀)၌ မည်သည့်ကိစ္စကိုမဆို အပေါ်ယံပဲ မကြည့်ဘဲ နက်နက်ရှိုင်းရှိုင်း တွေးတောဆင်ခြင်တတ်ရမည်ဖြစ်ကြောင်း သရုပ်ဖော်ထားသည့် “ပုပုပါဝင်သည့် ဖေဖေ့စကား” မျက်နှာဖုံးကာတွန်း၊  ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာရောဂါကို ဖြစ်စေနိုင်သည့်အပြင် ဆေးလိပ်က အစပြု၍ မူးယစ်ဆေးဝါးအထိ စွဲနိုင်ကြောင်း သရုပ်ဖော်ထားသည့် “မြဂျိုးပါဝင်သော အစမပြု အတုမယူ” နှစ်မျက်နှာကာတွန်း၊ ငါးများ၏ အသက်ကို ကယ်တင်ပေးလိုက်သော မိတ်ဆွေ ပုစွန်လုံးအကြောင်း သရုပ်ဖော်ထားသည့် “မိတ်ဆွေစစ်” နှစ်မျက်နှာကာတွန်း၊ အကြောင်းအရာ တစ်ခုအပေါ် မကဲ့ရဲ့မိစေရန်နှင့်် ကဲ့ရဲ့ မစောရန် ကြက်နှင့် ဘဲကို ပမာပြု၍ သရုပ်ဖော်ထားသည့် “ကြက်၊ ဘဲ” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးအား မကောင်းကြံရာက မိမိတွင် ဒုက္ခရောက်ရသော လူငယ်လေးတစ်‌ဦးအကြောင်း သရုပ်ဖော်ထားသည့် “ရလဒ်” တစ်မျက်နှာဟာသကာတွန်းနှင့် ယနေ့ ကဲ့သို့သော အေအိုင်ခေတ်တွင် မကွဲသော ပန်းအိုးများကို တီထွင်သင့်ပြီဖြစ် ကြောင်း အကြံပြုလိုက် သော ဘယ်ကျော်အကြောင်း ရေးဖွဲ့ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 
     သုတကဏ္ဍအနေဖြင့် ယောဂဆော့ခြင်းသည် ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် လေရှူရှိုက်မှုတို့ကို စိတ်ဖြစ်စဉ်နှင့် ဆက်စပ်ပြီး အခြေခံဖော်ဆောင်ထားသည့်အတွက် စိတ်ရောကိုယ်ပါ ကျန်းမာစေ ကြောင်း ရေးသားထားပါသည်။ ဝတ္ထုကဏ္ဍတွင် နွေရာသီရောက်လာသည့်အတွက် သစ်ပင်မှ ရွက်ဟောင်းများ ကြွေကျပြီး ရွက်နုသစ်များ ထွက်ပေါ်လာရသည့်အကြောင်းရင်းကို နားလည် သဘောပေါက်သွားသော ဇင်ဇင်အကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် နံ့သာ မင်းသားလေး ရွှေစွယ်အကြောင်း ရေးသားထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထား သည့် ပန်းချီလက်ရာကို တင်ဆက်ထားသည့် ရွှေသွေးတို့လက်ရာကဏ္ဍနှင့် နွေရာသီရောက်သည့် အခါ မြန်မာတို့၏ ချစ်စဖွယ် ဓလေ့များအကြောင်း ရေးဖွဲ့ထားသည့် ဆရာ နန္ဒာမိုးကြယ်၏ “ မြန်မာ့ စိတ်ရင်း” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် မည်သည့် အချိန်၌ သန့်ရှင်းရေးလုပ်ရန်နှင့် မည်ကဲ့သို့ သန့်ရှင်းရေးလုပ်ရမည်တို့အကြောင်း အပြန်အလှန် ပြောဆိုထားသည်ကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူ ပြောဆိုပုံကို  ကလေးတို့ လေ့လာမှတ်သား နိုင်မည် ဖြစ်ပါသည်။ 
    ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

အကြံပြုစာ/တိုင်ကြားစာ