၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ အတွဲ(၅၃)၊ အမှတ်(၁) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင်ပါဝင်သော စာမူ များကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုကို အားပေးစို့၊ မြေကြီးက ရွှေသီးကြစေဖို့၊ လူငယ်ရေးရာကဏ္ဍတွင် ကျန်းမာတဲ့ စိတ်၊ ဝေဖန်စာအရေးကောင်းသည့် ပြဇာတ်ဆရာ၊ လောကမှာ အားအကိုးထိုက်ဆုံး ပုဂ္ဂိုလ်၊ ပိုမို တိုးတက်နိုင်စေဖို့၊ စိတ်အေးချမ်း တည်ငြိမ်ရေး၊ ဘဝအဆင့်အတန်းမြင့်မားရေး ပညာရေးကို အားပေး၊ ကလေးများ စမတ်ဖုန်းသုံးခြင်းနှင့် စိတ်ကျန်းမာရေး၊ လူငယ်များအဖို့ ဘဝအတွက် မရှိမဖြစ် အရေးပါသော အချက်များ၊ လူငယ်များအတွက် ဉာဏ်ရည်တု (AI) ကို ပညာရေးတွင် အသုံးပြုမှုများ၊ ကဗျာကဏ္ဍတွင် ချစ်သမျှကို၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ခေတ်စားလာသော ပိစိကွေးတိုက်ခန်းများ၊ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် လေထဲ လချီ မနားတမ်း ပျံသန်းနိုင်တဲ့ ငှက်များ၊ တစ်မူထူးခြား တိရစ္ဆာန်များ၊ ဒေသအလှကို ဝေမျှခံစားကြ သူများ၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် စီးပွားရေးနှင့် ခြိမ်းခြောက်နေသောအန္တရာယ်များ၊ မူးယစ်ဆေးဝါး ဆိုင်ရာကဏ္ဍတွင် ဆေးလိပ်သောက်သင့် မသောက်သင့်၊ လူကုန်ကူးမှုဆိုင်ရာကဏ္ဍတွင် ဆေးခြောက်ခြံ သို့ လူကုန်ကူးခံရခြင်း၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ(၂၈၅)၊ သတိပြု အလေးထားရမည့် ရောဂါလက္ခဏာ (၈) မျိုး၊ အသက်ရှည်ရာ ရှည်ကြောင်း၊ အသည်းအဆီဖုံးခြင်း၊ ဝတ္ထုတိုကဏ္ဍတွင် ဝေ့လည်လည်၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ပန်းခြံသို့ တစ်ခေါက်၊ အထွေထွေကဏ္ဍတွင် လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ တည်မြဲရေးနှင့် တပ်မတော်၏ အခန်းကဏ္ဍ၊ ကျန်းမာသောလူ ဘေးကင်းလုံခြုံသောသွေး၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်စာအုပ်ဆိုင်၊ ဖုန်း ၀၉-၄၄၉၅၄၀၆၆၇၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂-၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။