စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန် စာမူဆု၊ စာပဒေသာ ဒုတိယဆုရရှိသည့် စာရေးဆရာ မောင်လှကျော် (ပန်းတောင်း)၏ “ပြိုင်တူ တွန်းသောအရွေ့နှင့် ဘဝတစ်ကွေ့အမှတ်တရ စာစုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ယင်းစာအုပ်တွင် လူသားတစ်ယောက် နိုင်ငံ့ဝန်ထမ်းအနေဖြင့် ဘဝပတ်ဝန်းကျင် ဖြတ်သန်း ခဲ့ရသမျှ အတွေ့အကြုံသင်ခန်းစာ သုတပညာများကို သရုပ်ဖော်ထားသည့် လက်ရာဖြစ်သည်။ စာရေး သူသည် ပြည်ပအတွေ့အကြုံများစွာရှိရာ ရုရှား၊ ဂျာမန်၊ အယုဒ္ဓယ စသည်တို့ ပါဝင်ပြီး ရောက်ခဲ့သမျှ ထိတွေ့ခဲ့သည်များကို မှတ်တမ်းတင်သည်။ ပြည်ပခရီးသွားစာပေနှင့် ပြည်တွင်းဒေသလုပ်ငန်းခွင်၊ မိဘဆွေးမျိုးမိတ်သင်္ဂဟ စသည်များကို မှတ်မှတ်သားသား တင်ပြသည်။ တစ်ချိန်က ကြီးထွားခဲ့သည့် ကွန်မြူနစ်စနစ်မှ ပုံပြင်များက တစ်ဘာသာဖြစ်၏။ ပြည်ပခရီးတွင် ဖြောင့်ဖြူးသောလမ်းချည်းမဟုတ်။ ဒုက္ခကြုံရပုံလည်း ပါဝင်သည်။ ထို့ပြင် မြန်မာ့လူမှုပတ်ဝန်းကျင်၌ ကြုံတွေ့ခဲ့ရ အဖြစ်သနစ်များကို သရုပ်ဖော်ရာ၌ မကုန်ခန်းနိုင်သော မိဘမေတ္တာအကြောင်း ပါဝင်သည်။ ထို့ပြင် သံသရာခရီးသည်ဟု ဆိုအပ်သော ပုထုဇဉ်တို့၏ သောကအမြင်ကိုပါ အသိပွားစရာဖြစ်အောင် လှစ်ဟထားသည်။
အဆိုပါစာအုပ်ကို ရောင်းဈေး ၄၅ဝဝ ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေ ဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၁၈ - ၂၄၉ဝ၃၁ ၊ ဝ၁၈ - ၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇ - ၃၄၁၄၆၈၁၊ ဝ၉ - ၄၄၉၅၄ဝ၆၆၇)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂ - ၄ဝ၃ဝ၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကား မှာယူလိုပါက အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၁၈ - ၂၄၉ဝ၃၁ ၊ ဝ၁၈ - ၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။