စာပေဗိမာန် စာအုပ်အသင်း

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန် စာအုပ်အသင်းကို ၁၉၆၀ ပြည့်နှစ် ဇွန်လတွင် စတင်တည်ထောင်ခဲ့သည်။ စာအုပ်အသင်း၏ အဓိက ရည်ရွယ်ချက်များမှာ ပြည်သူအများ စျေးနှုန်းချိုသာစွာ ဖတ်ရှုနိုင်ရန်နှင့် ပြည်သူများအကြား ပိုမိုပျံ့နှံ့စေရန် ဖြစ်ပါသည်။

စာအုပ်အသင်း၀င်များအား စာပေဗိမာန်စာမူဆုနှင့် ပခုက္ကူစာပေဆု ပထမဆုရစာအုပ်များကို လစဉ် တစ်လလျှင် တစ်အုပ်နှုန်း ဖြန့်ချိလျက်ရှိသည်။ နယ်မှ အသင်း၀င်များထံသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံးများမှတစ်ဆင့် ပေးပို့ဖြန့်ချိပြီး ရန်ကုန်မှ အသင်း၀င်များမှာ စာပေဗိမာန်ရုံးသို့ ကိုယ်တိုင်လာရောက် ထုတ်ယူရန် ဖြစ်ပါသည်။

စာအုပ်အသင်း၀င်လိုပါက အမည်၊ နိုင်ငံသားစိစစ်ရေးကတ်၊ နေရပ်လိပ်စာ အပြည့်အစုံ ဖော်ပြ၍ နယ်မှ အသင်း၀င်လိုသူများအနေဖြင့် စာတိုက်မှ M.O ဖြင့် အောက်ပါလိပ်စာသို့ လိပ်မူပေးပို့ လျှောက်ထားရန်ဖြစ်ပြီး ရန်ကုန်မှ အသင်း၀င်လိုသူများ ကိုယ်တိုင်လာရောက် ပေးသွင်းရန် ဖြစ်ပါသည်-

               သို့

                        အတွင်းရေးမှူး

                        စာပေဗိမာန်စာအုပ်အသင်း

                        အမှတ် ၅၂၉/၅၃၁၊ ကုန်သည်လမ်း

                        စာပေဗိမာန်ရုံး၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

စာအုပ်အသင်း၀င်များအနေဖြင့် အောက်ဖော်ပြပါအတိုင်း လျှော့နှုန်းခံစားခွင့် ရှိပါသည် -

  • ၁၀ နှစ်အထက် အသင်း၀င်များ ပုံမှန်စျေးနှုန်း၏  ၅၀ %
  • ၅ နှစ်အထက် အသင်း၀င်များ ပုံမှန်စျေးနှုန်း၏    ၂၅ %
  • ၅ နှစ်အောက် အသင်း၀င်များ ပုံမှန်စျေးနှုန်း၏    ၁၀ %

အသင်း၀င်လိုသူများအနေဖြင့် အနည်းဆုံး ငွေကျပ် ၃၀၀၀ မှစ၍ ပေးသွင်းနိုင်ပြီး ကြိုတင် ပေးသွင်းထားသောငွေမှ စာအုပ်တန်ဖိုးကို ခုနှိမ်သွားမည်ဖြစ်သည်။