နိုင်ငံတကာသတင်း

16 Aug 2017
 
 
၂ဝ၁၇ ခုနှစ်တွင် သတင်းများစွာကြီးခဲ့သော မောင်းသူမဲ့ထရပ်ကား စနစ်အား   စတင်စမ်းသပ်နေပြီဖြစ်ကြောင်း    အမေရိကန်နိုင်ငံ အခြေစိုက် Tesla  လုပ်ငန်းစုမှ   သတင်းထွက်ပေါ်မှုများရှိသည်။Department of  Motor Vehicles  မှ ၎င်းမောင်းသူမဲ့ ကားများနှင့် ပတ်သက်ပြီး အာဏာပိုင်များနှင့် ဆွေးနွေးမှုများကို ယခုရက်ပိုင်းအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
 
16 Aug 2017
 
 
မနီလာ  သြဂုတ်   ၁၅
 
ဖိလစ်ပိုင်နိုင်ငံ  မြို့တော်မနီလာမြောက်ဘက်ရှိ ဘူလာကန် ပြည်နယ်တစ်ဝန်းတွင် ရဲတပ်ဖွဲ့က တရားမဝင် မူးယစ် ဆေးဝါးနှိမ်နင်းသည့် စစ်ဆင်ရေးလုပ်ငန်းများကို တစ်ပြိုင် နက်တည်းပြုလုပ်ခဲ့ရာ သံသယမကင်းဖြစ်ရသူ ၂၁ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း   ရဲတပ်ဖွဲ့က   ယနေ့တွင် ပြောကြားသည်။
 
16 Aug 2017
 
 
ဟနွိုင်း  သြဂုတ်   ၁၅
 
နော်ဝေးနိုင်ငံရှိ  ရေနံတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုမှ သင်္ဘောတစ်စင်းသည် တရုတ်နိုင်ငံနှင့် အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီးနောက် ဗီယက်နမ်၏ ရေနံလုပ်ကွက်အတွင်းမှ ထွက်ခွာသွားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။
16 Aug 2017

ဝါရှင်တန် သြဂုတ် ၁၅

ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်းက ဗာဂျီးနီးယားပြည်နယ် ချာလော့တက်စ်ဗွီလီတွင် လူဖြူအမျိုးသားရေးဝါဒီသမားများ ချီတက်စုဝေးရာမှ ပေါ်ပေါက်ခဲ့သည့် ရုန်းရင်း ဆန်ခတ်ဖြစ်ပွားမှုများနှင့် ပတ်သက်၍ ထရန့်ကတုံ့ပြန်ဆောင်ရွက်မှုများပြုလုပ်ခဲ့ပြီးနောက် တနင်္လာနေ့တွင် သမ္မတဒေါ်နယ်ထရန့်၏အမေရိကန် ကုန်ထုတ်လုပ်ငန်းကောင်စီမှ အမှုဆောင်အရာရှိချုပ် သုံးဦးနုတ်ထွက်သွားခဲ့ကြောင်း သိရသည်။

16 Aug 2017



ဒူဘိုင်း သြဂုတ် ၁၅

အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်အပေါ်  နောက်ထပ်အရေးယူ ပိတ်ဆို့မှုများ  ချမှတ်လာပါက ထိုသို့ချမှတ်ပြီး  နာရီပိုင်းအတွင်းမှာပင် အီရန်သည် စက်မှုထိပ်သီးအင်အားကြီးနိုင်ငံများနှင့် စာချုပ်ချုပ်ဆိုထား သည့် နျူကလီးယားသဘောတူစာချုပ်မှ နုတ်ထွက်မည်ဟု အီရန်သမ္မတ                    ဟာဆန်ရိုဟာနီက အဂ¯နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

15 Aug 2017
 
တီဟီရန်   သြဂုတ်   ၁၄
 
အမေရိကန်၏ အသစ်ထပ်မံပြဋ္ဌာန်းလိုက်သည့် အရေးယူပိတ်ဆို့မှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံက ဒုံးကျည်သုတေသန အစီအစဉ် အကောင်အထည်ဖော်ရန်နှင့် အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏  ပြည်ပစစ်ဆင်ရေးလုပ်ငန်းများ  ဆောင်ရွက်ရန်အတွက်  ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ကျော် ခွင့်ပြုမည့်  ဥပဒေမူကြမ်းကို  တစ်ခဲနက် အတည်ပြုလိုက်ကြောင်း   ဒေသဆိုင်ရာ သတင်းဌာနများက သြဂုတ် ၁၄  ရက်တွင် သတင်းထုတ်ပြန်သည်။ 
 
15 Aug 2017

တီဟီရန် သြဂုတ် ၁၄

အမေရိကန်နိုင်ငံ၏ အသစ်ထပ်မံ ထုတ်ပြန်ခဲ့သည့် အရေးယူပိတ်ဆို့မှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံက ဒုံးကျည်စနစ်သုတေသနစီမံကိန်းနှင့် စစ် ဘက်ဆိုင်ရာပြင်ပလှုပ်ရှားမှုတို့အတွက် ဘတ်ဂျက်အနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ကျော် တိုးမြှင့်အသုံးပြုမည့် ဥပဒေမူကြမ်းကို အတည်ပြုခဲ့ကြောင်း အီရန်နိုင်ငံလွှတ်တော်က မကြာသေးမီက အတည်ပြုခဲ့ကြောင်း သိရသည်။

15 Aug 2017



မော်စကို သြဂုတ် ၁၄



ကိုရီးယားကျွန်းဆွယ်တွင် စစ်မက်       ဖြစ်ပွားရန် အခြေအနေပို၍နီးကပ်လာ ကြောင်းနှင့် အကယ်၍ ယခုထက်ပိုပြီး ဆိုးလာမည်ဆိုပါက  ''ကြီးမားသော ကပ်ဘေးဆိုက်မည်ဖြစ်ကြောင်း'' ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရပုဂ္ဂိုလ် မာရီယာ ဇာကာရိုဗာက မကြာသေးမီကပြောကြားခဲ့သည်။



Pages