ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး

 

နေပြည်တော် ဇူလိုင် ၃

 

လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံဝန်ကြီးချုပ် ဆွန်ဆိုင် စီဖန်ဒွန်နှင့် ဝန်ကြီးချုပ်ရုံး အစည်း အဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

 

ဦးစွာ နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် လာအိုဝန်ကြီးချုပ်ရုံး သို့ ရောက်ရှိကြရာ လာအိုနိုင်ငံ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြပြီး နိုင်ငံတော် သမ္မတနှင့် လာအိုနိုင်ငံဝန်ကြီးချုပ် တို့သည် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

man 0040

 

ထို့နောက် အစည်းအဝေး ခန်းမ၌ တွေ့ဆုံဆွေးနွေးကြရာ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ လာအို နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီး ချုပ်နှင့်အတူ လာအိုပြည်သူ့ဒီမို ကရက်တစ် သမ္မတနိုင်ငံအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ရှည်ကြာသည့် သံတမန်ဆက်ဆံမှုများရှိခဲ့ပြီး သံတမန် ဆက်ဆံရေး၊ စစ်ဘက်ဆက်ဆံရေး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဆက်ဆံရေး စသည့်ဆက်ဆံရေး သုံးမျိုးရှိပြီး အာဆီယံအဖွဲ့အတွင်း၌ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့သည် CLMV အဖွဲ့၊ မဟာမဲခေါင်ဒေသခွဲအဖွဲ့၊ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ အဖွဲ့တို့တွင်လည်း အဖွဲ့ဝင်နိုင်ငံများဖြစ်ကြကာ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများ။

 

 မြန်မာ-လာအိုနှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံ၊ မိတ်ဆွေနိုင်ငံ၊ ညီအစ်ကိုနိုင်ငံများဖြစ်မှု အခြေအနေများ၊ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်း လာစေရေး မြန်မာ - လာအို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် အစည်းအဝေး ကျင်းပပြုလုပ်မည့် အခြေအနေ များ၊ မြန်မာ-လာအို ချစ်ကြည်ရေး တံတားမှတစ်ဆင့် နယ်စပ်ဒေသ ကုန်သွယ်မှုများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် နယ်စပ်ဖြတ်ကျော် ကုန်စည်ကူးသန်း ရောင်းဝယ် ပို့ဆောင်ရေးကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ အလုပ်သမားရေးရာ ပူးပေါင်း ဆောင်ရွက်မှုနှင့် ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်နှင့် လာအိုနိုင်ငံ၏ မြို့တော် ဗီယင်ကျန်းမြို့တို့ အကြား ညီအစ်မ မြို့တော်ဆက်ဆံ ရေး ထူထောင်သွားမည့် အခြေ အနေများ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင် ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မဲခေါင်မြစ် ကြောင်းတစ်လျှောက် ရေအား လျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများ။

 

 မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့လျှော့ချရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေး၊ မူးယစ်ဆေးဝါး တားဆီး ကာကွယ်နှိမ်နင်းရေးနှင့် အွန်လိုင်းငွေကြေးလိမ်လည်လောင်းကစားမှုများ ပပျောက်စေရေး ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာ လျှောက်လှမ်းလျက်ရှိမှု၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်အစိုးရက ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ လာအိုနိုင်ငံအစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိမှု အခြေအနေများ။

 

မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် ခင်မင်ရင်းနှီးပြီး စိတ်ချရသည့် အိမ်နီးချင်းမိတ်ဆွေကောင်း နိုင်ငံများ ဖြစ်သည့်အတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ ကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် သမ္မတသည် လာအိုဝန်ကြီးချုပ်ရုံးမှ ပြန်လည်ထွက်ခွာရာ လာအို နိုင်ငံဝန်ကြီးချုပ်က ခင်မင်ရင်းနှီးစွာဖြင့် လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်