Naypyitaw State Academy ၌ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုနှင့် သုတေသနစာတမ်းများဖတ်ကြားနေမှု ကြည့်ရှုအားပေး

 

နေပြည်တော် ဇွန် ၂၃

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy ပါမောက္ခချုပ်နှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် Naypyitaw State Academy ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုနှင့် သုတေသနစာတမ်းများ ဖတ်ကြားရှင်းလင်းနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး အကြံပြု‌ဆွေး‌နွေးစကားပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဆရာ ဆရာမများက ဌာနအသီးသီး၏ လိုအပ်ချက်များကို တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျောင်းသား ကျောင်းသူများ Fitness Dance သင်ကြားလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်