ရန်ကုန် ဇွန် ၂၁
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ယနေ့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
သစ်ပင် စိုက်ပျိုးပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် မဟော်ဂနီပင်အား စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများ၏ မန်ဂျန်ရှား၊ ပျဉ်းကတိုး၊ ကျွန်း၊ မဟော်ဂနီ၊ ခရေ၊ ပျဉ်းမ၊ ပိတောက်၊ ကံ့ကော်စသည့် ပျိုးပင်ပေါင်း ၁၅၀၀ စုပေါင်းစိုက်ပျိုးမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပိန္နဲစိုက်ခင်း၊ ငရုတ်စိုက်ခင်း၊ ကော်ဖီစိုက်ခင်း၊ မှိုစိုက်ခင်းနှင့် ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးခဲ့သော မန်ဂျန်ရှားစိုက်ခင်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်