နေပြည်တော် ဇွန် ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့နယ် ရွှေမြို့ တိုးချဲ့မွေးမြူရေးဇုန်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ မျိုးထုတ်ဥစားဘဲမွေးမြူထားရှိမှု၊ ဒေသနွား ငါးမျိုး မွေးမြူထားရှိမှု၊ တိုင်းရင်းကြက်စံပြမျိုး ထုတ်လုပ်မွေးမြူနိုင်ရေး ဆောင်ရွက်နေမှုနှင့် ဘဲဥဖောက်စက်အသုံးပြု၍ ဘဲသားပေါက်များ ဖြန့်ဖြူးနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ဥစားဘဲမွေးမြူရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ မျိုးကောင်းမျိုးသန့် ဥစားဘဲသားပေါက်များ ဖြန့်ဖြူးပေးနိုင်ရေး၊ ရေမြေဒေသမွေးမြူရေးစနစ်နှင့်ကိုက်ညီသည့် ဒေသနွားမျိုးများ ရရှိနိုင်ရေးအတွက် မျိုးအလိုက် မျိုးရိုးဆိုင်ရာ တိုင်းတာခြင်း၊ မှတ်တမ်းပြုစုခြင်းနှင့် အကဲဖြတ်ခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ပြီး မွေးမြူရေးတောင်သူများအား ပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအနီးရှိ ကင်းသာရေထိန်းတမံအတွင်း ရေသိုလှောင်ထားရှိမှု၊ နို့စားနွားမွေးမြူရေးသရုပ်ပြနှင့် မျိုးဖြန့်ဖြူးရေးခြံ (နေပြည်တော်) ၌ နို့စားနွား (ဖရီရှန်) များ မွေးမြူထားရှိမှု၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးထားရှိမှု၊ နိုက်ထရိုဂျင်အရည်ထုတ်စက်ရုံ၏ နိုက်ထရိုဂျင်အရည်ထုတ်လုပ်မှုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဖြန့်ဖြူးပေးနေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်