တောင်ကြီး ဇွန် ၁၃
၂၀၂၆ ခုနှစ် ရှမ်းပြည်နယ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲက တောင်ကြီးမြို့ရှောင်လမ်းဘေး နောင်တလိကျေးရွာအနီး တောင်ကြီး (ထင်း) ကြိုးဝိုင်းအတွင်း၌ ကျင်းပရာ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသား ရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ကြည့်ရှုအားပေး
သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က တက်ရောက်လာသူများအား ပျိုးပင်များပေးအပ် ကြပြီး စုပေါင်းသစ်ပင်စိုက်ပျိုးမှုကို ကြည့်ရှုအားပေးကြသည်။
ယမန်နေ့ကလည်း ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်း၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ အမျိုးသမီးများနှင့် ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေ၊ မန္တလေးတိုင်းဒေသ ကြီးနှင့် ရှမ်းပြည်နယ်စသည့် ဒေသသုံးခုရှိ ကျေးလက်နေအမျိုးသမီးများအတွက် ဦးစားပေးဆောင်ရွက် ရန် စီမံချက်ရေးဆွဲထားရှိမှုနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ပေးအပ်
ယင်းနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ရှမ်းပြည်နယ် အတွင်း ဆောင်ရွက်မည့် ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်နှင့် စပ်လျဉ်း၍ ဆွေးနွေးကာ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ရုံး၌ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ယာယီ နေရပ်စွန့်ခွာမိသားစုများအတွက် ထောက်ပံ့ငွေများ၊ ကျောင်းနေအရွယ်ကလေးများအတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်