ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

 

နေပြည်တော် ဇွန် ၉

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E. Dr. Md. Monwar Hossain အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အိမ်နီးချင်းကောင်းပီသမှု၊ စစ်မှန်သည့် စိတ်ဆန္ဒတို့အပေါ်အခြေခံ၍ ပူးပေါင်းဆောင်ရွက်ရေး၊ ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာဘက်သို့စိစစ်ရန်ပေးအပ်ထားသည့် နေရပ်စွန့်ခွာသူများစာရင်းအပေါ် မြန်မာဘက်က စိစစ်ပြီးစီးမှု အခြေအနေများနှင့် ရခိုင်ပြည်နယ်၌ အမှန်တကယ်နေထိုင်ခဲ့သူများကို ပြန်လည်လက်ခံသွားရန်အတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။

သတင်းစဉ်