ဗီယင်နာ ဇွန် ၈
ဆော်ဒီအာရေဗျနှင့် ရုရှားနိုင်ငံတို့ အပါအဝင် အိုပက်ပလပ်စ်အဖွဲ့ဝင် ၇ နိုင်ငံသည် ဇွန် ၇ ရက်က ပြုလုပ်သည့် အွန်လိုင်းအစည်းအဝေးအတွင်း ဇူလိုင်လတွင် ရေနံစိမ်းထုတ်လုပ်မှုကို တိုးမြှင့်မည်ဖြစ်ကြောင်း ပြောကြားသည်။
မေ ၁ ရက်မှစတင်ကာ အိုပက်နှင့် အိုပက်ပလပ်စ် နှစ်ခုစလုံးမှ ထွက်ခွာမည်ဟု ကြေညာထားသော အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE)သည် ယင်း အစည်းအဝေးတွင် တက်ရောက်ခဲ့ ခြင်းမရှိကြောင်း သိရသည်။ အဆိုပါ အဖွဲ့ဝင် ၇ နိုင်ငံသည် ဇွန်လကဲ့သို့ပင် လာမည့်ဇူလိုင်လတွင်လည်း တစ်ရက်လျှင် ရေနံ စည်ပေါင်း ၁၈၈၀၀၀ တိုးမြှင့် ထုတ်လုပ်မည်ဖြစ်သည်။
ထိုကဲ့သို့ ရေနံထုတ်လုပ်မှု တိုးမြှင့်ခြင်းကို လေးလဆက်တိုက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်အထိ ဟော်မုဇ်ရေလက်ကြားမှ ရေနံတင်ပို့မှုများကို ဆက်လက်ကန့်သတ်ထားဆဲဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ