ကိုဘိုလီကို အနိုင်ရပြီး အလက်ဇန္ဒားဗီရက်ဗ် ပြင်သစ်အိုးပင်းတင်းနစ်ဖလား ဆွတ်ခူး

 

အလက်ဇန္ဒားဗီရက်ဗ်နဲ့ ဖလာဗီအိုကိုဘိုလီတို့ ဇွန် ၇ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ အလက်ဇန္ဒားဗီရက်ဗ်က အနိုင်ရပြီး ပြင်သစ်အိုးပင်းတင်းနစ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိ ဂျာမနီ တင်းနစ်ကစားသမား အလက်ဇန္ဒားဗီရက်ဗ်ဟာ အီတလီတင်းနစ်ကစားသမား  ကိုဘိုလီအား   ၆-၁၊ ၄-၆၊ ၆-၄၊ ၆-၇ (၅-၇)၊ ၆-၁ ဖြင့် အနိုင်ရကာ ပြင်သစ်အိုးပင်းတင်းနစ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။       

အလက်ဇန္ဒားဗီရက်ဗ်ဟာ ယခင်က ဂရန်းဆလမ်းဗိုလ်လုပွဲကို သုံးကြိမ်တက်လှမ်းခဲ့ရာမှာ ဆုဖလားရရှိမှုနဲ့ လွဲချော်ခဲ့ပြီး ယခုတစ်ကြိမ်ဟာ တင်းနစ်ကစားသမားဘဝ   ပထမဆုံး  ဂရန်းဆလမ်းဆု ဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အလက်ဇန္ဒားဗီရက်ဗ်ဟာ ၁၉၉၆ ခုနှစ်က ဩစတေးလျအိုးပင်းပြိုင်ပွဲမှာ ဘိုးရစ်ဘက်ကာဆုဖလား ဆွတ်ခူးနိုင်ခဲ့ပြီးနောက်ပိုင်း ဂရန်းဆလမ်းပြိုင်ပွဲရဲ့ တစ်ဦးချင်းတင်းနစ် ဆုဖလားကို ပထမဆုံးဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ငွေကြယ်