ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး Alabuga SEZ မှ ကိုယ်စားလှယ် Mr. Konstantin Trifonov အား လက်ခံတွေ့ဆုံ

 

နေပြည်တော် ဇွန် ၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပလျက်ရှိသည့် (၂၉)ကြိမ်မြောက် စိန့်ပီတာစဘတ်နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ ဒုတိယသမ္မတ ဦးညိုစောနှင့်အတူ တက်ရောက်ခဲ့သည့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် တာတာစတန်ဒေသ ကာဇန်မြို့ရှိ အလာဘူဂါ အထူးစီးပွားရေးဇုန် (Alabuga Special Econo-mic Zone)မှ ကိုယ်စားလှယ် Mr. Konstantin Trifonov အား ဒေသစံတော်ချိန် ညနေပိုင်းတွင် Welton Hotel ၌ လက်ခံတွေ့ဆုံသည်။

ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး

တွေ့ဆုံစဉ် အထူးစီးပွားရေးဇုန်၏ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရေး စက်မှုလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် လုပ်သားများခေါ်ယူမည့်ကိစ္စရပ်များ၊ အလုပ်သမားရေးရာ MoU ရေးထိုးနိုင်ရေး ဆောင်ရွက်နေသည့်ကိစ္စရပ်များနှင့် မြန်မာလုပ်သားများ အလုပ်လုပ်ကိုင်နေကြသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်