အီဘိုလာရောဂါ တုံ့ပြန်ရေးအတွက် ရန်ပုံငွေထောက်ပံ့မည်ဟု ဩစတြေးလျ ကတိပြု

 

ကန်ဘာရာ  ဇွန်  ၄

အာဖရိကအလယ်ပိုင်းတွင်   ဖြစ်ပွားနေသည့်   အီဘိုလာရောဂါကို ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေး နှင့် ရောဂါထပ်မံပြန့်ပွားမှု မရှိ စေရေးအတွက် ရန်ပုံငွေထောက်ပံ့သွားမည်ဖြစ်ကြောင်း ဩစတြေးလျ အစိုးရက ဇွန် ၄ ရက်တွင် ကြေညာခဲ့သည်။

 

ဩစတြေးလျနိုင်ငံသည် ဩစတြေးလျဒေါ်လာ ငါးသန်းထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း  နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်းနှင့် နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီး အန်းအယ်လီတို့၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

 

အဆိုပါ ရန်ပုံငွေများကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့မှတစ်ဆင့် ဖြန့်ဝေသွားမည်ဖြစ်ပြီး အရေးပေါ် ဆေးဘက်ဆိုင်ရာကုသမှုများနှင့် ထောက်ပံ့ရေးလုပ်ငန်းများ၊ ရေနှင့်    မိလ္လာစနစ်များအပြင်  ရောဂါစောင့်ကြည့်ရေးနှင့်  ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းထောက်ပံ့မှုများသည် ဒေသတွင်း  ကျန်းမာရေးစနစ်များကို ပိုမိုအားကောင်းစေမည်ဖြစ်ကြောင်းလည်း      ကြေညာချက်တွင် ဖော်ပြထားသည်။

 

လက်ရှိတွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌  အီဘိုလာရောဂါ အတည်ပြုလူနာ ၃၄၄ ဦးရှိပြီး သေဆုံးသူ ၆၀ ဝန်းကျင်ရှိကြောင်း သိရသည်။ ထို့ပြင် ယူဂန်ဒါနိုင်ငံတွင်လည်း ရောဂါကူးစက်ခံရသူ ၁၅ ဦးရှိပြီး သေဆုံးသူတစ်ဦးရှိကြောင်း သိရသည်။                           

 

 

ဆင်ဟွာ