မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားနေမှု ကြည့်ရှုအားပေး

 

 

မန္တလေး ဇွန် ၁

မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမျိုးအောင်သည် ယနေ့ နံနက်ပိုင်းက ချမ်းအေးသာစံ မြို့နယ်ရှိ အမှတ်(၁၆)အခြေခံ ပညာအထက်တန်းကျောင်း၊ အောင်မြေသာစံမြို့နယ်ရှိ အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

 

ထိုသို့ ကြည့်ရှုစဉ် ကျောင်းနေ အရွယ်ကလေးအားလုံး ကျောင်းသို့ရောက်ရှိရေး၊ အရည်အချင်း ပြည့်ဝစွာ တန်းစဉ်ကူးပြောင်းမှု နှုန်းမြင့်မားရေး၊ အနည်းဆုံး KG+9 ပြီးမြောက်စေရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးတို့ကို ဝိုင်းဝန်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်