ရန်ကုန် ဇွန် ၁
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်ရုံးခွဲ အစည်း အဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် ပါတီနိုင်ငံရေးကင်းရှင်းရန်လိုကြောင်း၊ နိုင်ငံတော်အကျိုး ရှေးရှုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းဟူသော ကဏ္ဍသုံးရပ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် အရည်အချင်းပြည့်ဝအောင် အမြဲဖြည့်ဆည်းနေရန် လိုအပ်ကြောင်း မှာကြားပြီး ရုံးခွဲရှိဝန်ထမ်းများနှင့် မိသားစုများအတွက် ဆန်၊ စားသုံး ဆီနှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ကာ ဝန်ထမ်းများ လုပ်ငန်းတာဝန်ထမ်းဆောင်နေမှုနှင့် ကော်မရှင်ရုံးခွဲဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်