ပြည်ထောင်စုရာထူးဝန်အဖွဲ့ နိုင်ငံခြားပညာတော်သင် စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

 

နေပြည်တော် မေ ၁၈

နိုင်ငံခြားပညာတော်သင် စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၌ ကျင်းပရာ နိုင်ငံခြားပညာတော်သင် စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ ကော်မတီဒုတိယဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံခြားပညာတော်သင် စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ကော်မတီဝင်များက ဘာသာရပ်အလိုက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများသို့ ခွဲဝေရန် တင်ပြလာသည့် ပညာသင်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခြင်း၊ ပြန်လည်သုံးသပ်ခြင်း၊ မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ကြပြီး နိုင်ငံခြားပညာတော်သင် စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်