ချယ်ဆီးကို အနိုင်ယူပြီး မန်စီးတီး အက်ဖ်အေဖလား ဆွတ်ခူး

အက်ဖ်အေဖလားဗိုလ်လုပွဲတွင်  မန်စီးတီးက ဆီမန်ညို၏ တစ်လုံး တည်းသော သွင်းဂိုးဖြင့် ချယ်ဆီး ကို အနိုင်ရပြီး အသင်းသမိုင်းတစ် လျှောက် ရှစ်ကြိမ်မြောက် ဆွတ်ခူး နိုင်ခဲ့သည်။ 


အဆိုပါ ပွဲစဉ်ကို မေ ၁၆ ရက် ညပိုင်းက နာမည်ကြီး ဝင်ဘလေ အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ပြီး  ပရိသတ်   ၈၃၀၀၀   ကျော် လာရောက်ကြည့်ရှုခဲ့သည်။ 


ချယ်ဆီးအသင်းသည် ဂိုးရရှိ နိုင်သည့် အခွင့်အရေးအချို့ ဖန်တီးနိုင်ခဲ့သော်လည်း သွင်းဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။ ချယ်ဆီးအသင်းသည် မန်စီးတီး အသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် အက်ဖ်အေဖလား ဗိုလ်လုပွဲတွင် လေးကြိမ်ဆက် ရှုံးနိမ့်မှုနှင့် ကြုံ တွေ့ခဲ့ပြီး ဖလားဆွတ်ခူးခွင့် လွဲချော်ထားသည်။   


မန်စီးတီးအသင်းသည် ကာ ရာဘောင်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင်လည်း အာဆင်နယ်အသင်း ကို    အနိုင်ယူကျော်ဖြတ်ကာ ဖလားဆွတ်ခူးရရှိထားသည်။