ရန်ကုန် မေ ၁၄
၂၀၂၆-၂၀၂၇ ရာသီ MNL ယူ-၂၀ ပြိုင်ပွဲ ယှဉ်ပြိုင်မည့် ကလပ်အသင်းများသည် မေ ၁၃ ရက်က ရာသီကြိုခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရာ မြဝတီ၊ ရန်ကုန်စီးတီးနှင့် ရတနာပုံအသင်းတို့ နိုင်ပွဲရရှိခဲ့သည်။
ရာသီကြိုခြေစမ်းပွဲများတွင် ရတနာပုံအသင်းက ဒဂုံစတားယူနိုက်တက်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ရန်ကုန်စီးတီး အသင်းက အား/ကာသိပ္ပံအသင်းကို နှစ်ဂိုး-တစ်ဂိုး၊ မြဝတီအသင်းက Chinland အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ လာမည့်ရာသီ MNL ယူ-၂၀ လိဂ်ပြိုင်ပွဲတွင် အသင်းစုစုပေါင်း ၁၄ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး မေ ၂၃ ရက်တွင် စတင်မည်ဖြစ်သောကြောင့် ကလပ်အသင်းများအနေဖြင့် ရာသီကြိုခြေစမ်းပွဲများကစားကာ ဆက်တိုက်ပြင်ဆင် နေခြင်းဖြစ်သည်။
ယခုရာသီ MNL ယူ-၂၀ ပြိုင်ပွဲယှဉ်ပြိုင် မည့် ကလပ်အသင်းအများစုမှာ နည်းပြချုပ်များပြောင်းလဲထားပြီး ယခုနှစ်တွင် ယူ-၂၀ လိဂ်အဖြစ် ကျင်းပမည်ဖြစ်သောကြောင့် ကလပ်အသင်းအားလုံးနီးပါး ကစားသမားများ ပြန်လည်ရွေးချယ်ကာ ပြင်ဆင်နေခြင်းဖြစ်သည်။
သတင်း-ချစ်ကိုကို၊ ဓာတ်ပုံ-MNL