ဘန်ဒါဆီရီဘီဂါဝန် ဧပြီ ၂၉
ဘရူနိုင်းရေကြောင်းလုပ်ငန်းသည် Hull 211 အမည်ရှိ ပထမဆုံး ပြည်တွင်းထုတ်သင်္ဘောကို ရေချ အခမ်းအနား အောင်မြင်စွာလုပ်ဆောင်ပြီးနောက် သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဘရူနိုင်းအစိုးရပိုင်မီဒီယာ ပလီတာဘရူနိုင်း၏ ဧပြီ ၂၇ ရက်က ဖော်ပြချက်အရ သင်္ဘောရေချပွဲ အခမ်းအနားကို ပါလာအူမူအာရာဘီဆာရှိ အာဆန်အပြည်ပြည်ဆိုင်ရာ သင်္ဘောကျင်းတွင် ကျင်းပခဲ့ပြီး ယင်းမှာ နိုင်ငံ၏ သင်္ဘောတည်ဆောက်ရေးကဏ္ဍတွင် အရေးပါသည့်ခြေလှမ်းသစ်တစ်ရပ်ကို အကောင်အထည် ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် ခရီးသည် ၈၀ တင်ဆောင်နိုင်သော ၎င်းသင်္ဘောသည် နိုင်ငံ၏ စက်မှုကဏ္ဍစွမ်းဆောင်ရည်၊ တီထွင်ဆန်းသစ်မှုနှင့် ရေကြောင်းကဏ္ဍ အဆင့်အတန်းမြင့်မားမှုဆီသို့ ဦးတည်လှမ်းလိုက်သော အရေးပါသည့် မှတ်တိုင် တစ်ရပ်လည်းဖြစ်သည်။
ဆင်ဟွာ



