၂၀၂၆ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

 

တောင်ငူ     ဧပြီ    ၂၇

 ၂၀၂၆ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ နံနက် ပိုင်းတွင် တောင်ငူမြို့ရှိ တောင်ငူလေတပ်စခန်းဌာနချုပ်  မီတာ-၃၀၀ စက်ပစ်ကွင်း၌  ကျင်းပရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်၊    တောင်ငူလေတပ်စခန်း ဌာနချုပ် လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးကြီး ရန်နိုင်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ  တပ်မတော်အရာရှိ ကြီးများ၊ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ အရာရှိ/စစ်သည်များ၊ မိသားစုဝင်များနှင့် ပြိုင်ပွဲဝင် အသင်းများ တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)ကိုယ်စား တောင်ငူလေတပ်စခန်းဌာနချုပ် လေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးကြီး ရန်နိုင်က အမှာစကားပြောကြားသည်။   ထို့နောက်   လေတပ်စခန်း ဌာနချုပ်မှူးက   မိုးပျံပူဖောင်းအား  သေနတ်ဖြင့် ပစ်ဖောက်၍   အခမ်းအနားကို    ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ ပြိုင်ပွဲပထမနေ့ပွဲစဉ်များဖြစ်သည့် အမျိုးသားပစ္စတိုပွဲစဉ်(အမြန် နှင့် လျှပ်တစ်ပြက်)၊ အမျိုးသမီးပစ္စတိုပွဲစဉ်(အမြန်နှင့် လျှပ်တစ်ပြက်)၊   အမျိုးသမီးကာဘိုင်ပွဲစဉ်များ ကို ကြည့်ရှုအားပေးသည်။

အဆိုပါ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲကို   ကာကွယ်ရေးဦးစီး ချုပ်ရုံး(လေ) ကွပ်ကဲမှုအောက်ရှိ ဌာနချုပ်၊ လေတပ်စခန်းဌာနချုပ်များနှင့်   လေတပ်စခန်းအသီးသီး မှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၃ သင်း၊ အမျိုးသမီး အသင်း   ၁၁ သင်းတို့ဖြင့်    ဧပြီ ၂၇ ရက်မှ မေ ၁ ရက်အထိ   ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်