လှည်းကူး ဧပြီ ၂၆
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အလံဂပိုကျေးရွာတွင် ရက်(၁၀၀)စီမံချက်ဖြင့် အကောင်အထည်ဖော်မည့် VDP စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာ၌ ပြုလုပ်သည်။
ဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာစိုးက VDP စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်း၊ လုပ်ငန်းရွေးချယ်ခြင်းနှင့် ကျေးရွာအတွင်းဆောင်ရွက်မည့် ကွန်ကရစ်ခင်းမည့်လမ်းကို ကွင်းဆင်းတိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိရွှေစင်လတ်(ပြန်/ဆက်)



