မက္ကဆီကိုနိုင်ငံက ဂျပန်နိုင်ငံသို့ ရေနံစိမ်းစည်ပေါင်း တစ်သန်း ထောက်ပံ့ပေးရန် သဘောတူ

 

မက္ကဆီကိုစီးတီး ဧပြီ ၂၅

မက္ကဆီကိုနိုင်ငံက  ဂျပန်နိုင်ငံသို့ ရေနံစိမ်းစည်ပေါင်း တစ်သန်း ထောက်ပံ့ပေးရန် သဘောတူညီ ခဲ့သည်။

အဆိုပါ သဘောတူညီချက်သည် ယခုသီတင်းပတ် အစောပိုင်းတွင် နှစ်နိုင်ငံခေါင်းဆောင်များကြား တယ်လီဖုန်း ဆွေးနွေးမှုမှတစ်ဆင့် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဆွေးနွေး

ဂျပန်ဝန်ကြီးချုပ် တာကာချီဆာနေးက မက္ကဆီကိုသမ္မတ ကလော်ဒီယာ  ရှိန်းဘမ်းနှင့် ဧပြီ ၂၁ ရက်တွင် ဆွေးနွေးခဲ့သည်။ 

ဧပြီ ၂၂ ရက်တွင် မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘမ်းက ဂျပန်နိုင်ငံက ရေနံစိမ်းများ တောင်းခံခဲ့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

ရေနံစည်ပေါင်း တစ်သန်းသည် ဂျပန်နိုင်ငံ၏ တစ်နေ့တာ ရေနံသုံးစွဲမှု၏ ၆၀ ရာခိုင်နှုန်းဖြစ်ကြောင်း ဂျပန်စက်မှုဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

မက္ကဆီကို၏ ရေနံထုတ်လုပ်မှုသည် မကြာသေးမီနှစ်များအတွင်း လျော့ကျခဲ့ပြီး နိုင်ငံ၏ ပိုလျှံနေသော ရေနံပမာဏ အတိအကျထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်