၂၀၂၂ ခုနှစ် ပညာသင်နှစ် ပဲခူးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကျင်းပ

 

ပဲခူး   ဇွန်   ၃၀


ပဲခူးတက္ကသိုလ် ၂၀၂၂ ခုနှစ် ပညာ သင်နှစ်    ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို   ဇွန် ၂၉ ရက်  ညနေပိုင်းက    ပဲခူးတက္ကသိုလ် ဘောလုံးကွင်း၌   ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး ဆွေဝင်း   တက်ရောက်အားပေး သည်။

 


ဦးစွာ  သတ္တဗေဒ  အထူးပြု ဘာသာရပ်အသင်းနှင့် ရူပဗေဒ အထူးပြု ဘာသာရပ်အသင်းတို့ ဗိုလ်လုပွဲ   ယှဉ်ပြိုင်ကစားကြရာ ရူပဗေဒအထူးဘာသာရပ် အသင်း က  တစ်ဂိုး - ဂိုးမရှိဖြင့်  အနိုင်ရ ဗိုလ်စွဲသည်။

 


ထို့နောက်   ဆုပေးပွဲအခမ်း အနား   ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင်   ရှေ့တန်းအကောင်း ဆုံးဆု၊  အလယ်တန်းအကောင်း ဆုံးဆု၊ နောက်တန်းအကောင်းဆုံး ဆု၊ အကောင်းဆုံး ဂိုးသမားဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမား       ဆုတို့ကို အစိုးရအဖွဲ့  တာဝန်ရှိသူများက လည်းကောင်း၊ ဒုတိယဆုရရှိသွား သော သတ္တဗေဒအထူးပြု ဘာသာ ရပ်အသင်းကို    တစ်ဦးချင်းဆု တံဆိပ်နှင့်   ဂုဏ်ပြုဆုငွေကျပ် ခုနစ်သိန်းအား  တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက   လည်း ကောင်း၊      ပထမဆုရရှိသော ရူပဗေဒအထူးပြု   ဘာသာရပ် အသင်းကို  တစ်ဦးချင်းဆုတံဆိပ် နှင့်    ပွဲစဉ်တစ်လျှောက်  ကူညီ ဆောင်ရွက်ပေးခဲ့သော မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်  ဒိုင်များအတွက် ဂုဏ်ပြုလက်ဆောင်များကို ပဲခူး တက္ကသိုလ်       ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်က  လည်း ကောင်း ပေးအပ်ကြသည်။

 


ယင်းနောက် ပဲခူးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က  ကြက်ခြေနီတပ်ဖွဲ့ဝင်များ အတွက်   ဂုဏ်ပြုချီးမြှင့်ငွေနှင့် ပထမဆုရရှိသော ရူပဗေဒအထူး ပြုဘာသာရပ်အသင်းကို  ငွေသား ဆုကျပ် ၁၀  သိန်းနှင့် တံခွန်စိုက်ဆု        ဖလားတို့ကို           ချီးမြှင့်ပေးခဲ့ သည်။

 


ပဲခူးတက္ကသိုလ် ၂၀၂၂ ခုနှစ် ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင်  အုပ်စု(က) တွင် သတ္တဗေဒအထူးပြုဘာသာရပ်အသင်းနှင့်ဓာတုဗေဒ အထူးပြု ဘာသာရပ်အသင်း၊ အုပ်စု(ခ)တွင် မြန်မာစာ  အထူးပြုဘာသာရပ် အသင်းနှင့်    သင်္ချာအထူးပြု ဘာသာရပ်အသင်း၊ အုပ်စု(ဂ)တွင် ရုက္ခဗေဒ   အထူးပြုဘာသာရပ် အသင်းနှင့်      ရူပဗေဒအထူးပြု ဘာသာရပ်အသင်း၊ အုပ်စု(ဃ)တွင်  ဘူမိဗေဒအထူးပြု  ဘာသာ ရပ်အသင်းနှင့်   သမိုင်းအထူးပြု ဘာသာရပ်အသင်း   စုစုပေါင်း အသင်း     ရှစ်သင်းကို   အုပ်စု ပတ်လည်စနစ်ဖြင့်   ဇွန်  ၂၃ ရက် မှ  ဇွန်  ၂၉ ရက်အထိ    ယှဉ်ပြိုင် ကစားခဲ့ခြင်းဖြစ်ကြောင်း        သိရသည်။ 


သတင်းစဉ်