နေပြည်တော် ဇွန် ၂၉
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာ ရပ်ကွက်ရှိ ဓမ္မာရုံ၌ ဇွန် ၂၇ ရက် က နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းသည် ဒေသထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံအခြေခံ တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှု နည်း ပညာသင်တန်း ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်သည်။ အခမ်းအနားတွင် နေပြည်တော် ကောင်စီအဖွဲ့ဝင်က ယခုကဲ့သို့ နည်းပညာသင်တန်းများကို အခမဲ့ သင်ကြားပို့ချပေးသည့် အတွက် ဒေသအတွက် ဝမ်းမြောက် မိကြောင်း၊ သင်တန်းသားများ အနေဖြင့် သင်တန်းပြီးမြောက် ပါက တစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်းငယ်များ ထူထောင်နိုင်ပြီး ကျေးရွာ/ရပ်ကွက်နေ ပြည်သူများ အနေဖြင့်လည်း အလုပ်အကိုင် အခွင့်အလမ်းများရရှိ၍ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင် မည်ဖြစ်ကြောင်း၊ သင်တန်းသား များ အနေဖြင့် သင်ကြားပေးသည့် ဘာသာရပ်များကို ကိုယ်ပိုင် လုပ်ငန်းငယ်များ ထူထောင်နိုင် သည်အထိ ကြိုးစားသင်ယူ လေ့လာသွားကြရန် လိုအပ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေးက သင်တန်းဖွင့်လှစ် ရသည့် ရည်ရွယ်ချက်ကို လည်းကောင်း၊ နေပြည်တော် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်လွင်က ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် အစား အသောက်များ စစ်ဆေးမှတ်ပုံ တင်ခြင်းကိစ္စရပ်များကို လည်း ကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းက သင်တန်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း သည် ဥတ္တရသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရုံး၌ ကျင်းပသည့် စိုက်ပျိုး မွေးမြူရေးနှင့် ပတ်သက်သည့် လိုအပ်ချက်များကို အထောက် အကူပြုသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး တွေ့ရှိချက် တင်ပြမှုအပေါ် ညှိနှိုင်း ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ သင်တန်းသို့ ဥတ္တရသီရိမြို့နယ် အတွင်းရှိ သင်တန်းသား သင်တန်းသူ ၂၀ တက်ရောက်ခဲ့ ကြောင်းနှင့် သင်တန်းကာလမှာ ရက်သတ္တတစ်ပတ် ကြာမြင့်မည် ဖြစ်သည်။
မြို့နယ်(ပြန်/ဆက်)



