မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လွယ်ဂျယ်-မိုးမောက် ကားလမ်းပိုင်းပျက်စီး ယာဉ်ငယ်များသာသွားလာနိုင်ပြီး ကုန်တင်ယာဉ်များ သွားလာနိုင်ခြင်းမရှိ

 

လွယ်ဂျယ်    ဇွန်   ၂၉


မိုးသည်းထန်စွာ      ရွာသွန်းသဖြင့် ဇွန် ၂၉ ရက် နံနက် ၁၁ နာရီခန့်တွင် လွယ်ဂျယ်− မိုးမောက်သွား  ကား လမ်းမကြီး မြေသားနိမ့်ကျပျက်စီး မှုဖြစ်၍ ယာဉ်ငယ်များသာ  သွား လာနိုင်ပြီး   ကုန်တင်ယာဉ်ကြီး များ  ရပ်နားထားရကြောင်း  သိရ သည်။

 


လမ်းပျက်စီးရာသို့ မြို့အုပ်ချုပ် ရေးမှူး ဦးယဉ်မင်းထွန်း၊ နယ်မြေခံ စခန်းမှူး           ရဲအုပ် လင်းအောင် တို့က        သွားရောက်ကြည့်ရှု စစ်ဆေးရာ   လွယ်ဂျယ်−မိုးမောက်    ကားလမ်းမိုင်တိုင်     အမှတ်(၄၄)အနီးတွင်    မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေသား အရှည် ပေ ၁၂၀ ခန့်သည် အနက်တစ်ပေ ခန့်     မြေသားနိမ့်ကျပျက်စီးနေ ကြောင်း    သိရသည်။     အဆိုပါ ပျက်စီးနေသော         လမ်းပိုင်းကို ပြန်လည်ပြင်ဆင်ဆောင်ရွက်နိုင်ရေး၊     ကုန်တင်ယာဉ်ကြီးများ သွားလာနိုင်ရေးအတွက်      လမ်း ဦးစီးဌာနနှင့်    ဟုန်ရှင်းကျန်းဘ လမ်း ဆောက်လုပ်ရေးကုမ္ပဏီတို့မှ စီစဉ်ဆောင်ရွက်လျက်  ရှိကြောင်း သိရသည်။


လွယ်ဂျယ်(ပြန်/ဆက်)