ကမ်းပြိုအန္တရာယ်ကြောင့် နေအိမ်သုံးလုံး အချိန်မီပြောင်းရွှေ့

 

ငါးသိုင်းချောင်း   ဇွန်   ၂၉


ဧရာဝတီတိုင်းဒေသကြီး    ငါးသိုင်း ချောင်းမြို့         ငဝန်မြစ်ရေသည် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏    ဇွန် ၂၉ ရက် နံနက် ၆ နာရီ       တိုင်းထွာချက်အရ  ယင်းမြို့၏      စိုးရိမ်ရေအမှတ် အောက်   ၁၀၅၄  စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရသည်။

 


ဆက်လက်၍ ယနေ့နံနက်ပိုင်း က ငါးသိုင်းချောင်းမြို့ ငဝန်မြစ်ကမ်း ဘေးရှိ  ငဝန်ရပ်ကွက်  ပိုက်သောင် ကူးတို့ဆိပ်အနီးတွင်       မြစ်ရေ မြင့်တက်၍  ရေတိုက်စားမှုကြောင့် မြစ်ကမ်းပြိုကျမှု      ဖြစ်ပေါ်ခဲ့ပြီး ကမ်းပြိုအန္တရာယ်  နီးကပ်လျက် ရှိသည့် သွပ်မိုး၊ ထရံကာ၊ ဝါးခင်း နေအိမ်နှစ်လုံး၊  ဓနိမိုး၊  ထရံကာ၊ ဝါးခင်းနေအိမ်တစ်လုံး   စုစုပေါင်း နေအိမ်သုံးလုံးကို     မြို့အုပ်ချုပ် ရေးမှူးနှင့်  ဌာနဆိုင်ရာတာဝန်ရှိ သူများ၊    နယ်မြေမီးသတ်စခန်း ရှာဖွေ           ကယ်ဆယ်ရေးအဖွဲ့၊ ရပ်ကွက်         အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများက အဆိုပါ နေအိမ်သုံးလုံးကို  အချိန်မီဖြိုဖျက် ပြောင်းရွှေ့ပေးခဲ့ပြီး   အိမ်ထောင်စု သုံးစု၊ မိသားစုဝင်စုစုပေါင်း ၁၇ ဦး အား  ငဝန်ရပ်ကွက်   ကျွန်းဦးတာ ကြီးတန်းလမ်း   ဘောလုံးကွင်းမြေ ကွက်လပ်သို့  ယာယီဝိုင်းဝန်းကူညီ ပြောင်းရွှေ့ပေးခဲ့သည်။

 


အဆိုပါ  မြစ်ကမ်းဘေးနေရာ၌ လွန်ခဲ့သော    မေ   ၂၇   ရက်က မြစ်ကမ်းပါးပြိုကျမှု    အန္တရာယ် ကြောင့် နေအိမ် ၁၇ လုံး ပြောင်းရွှေ့ ပေးခဲ့ရပြီး   ယခုမြစ်ရေမြင့်တက် လာချိန်၌လည်း  မြစ်ကမ်းပြိုကျမှု ဆက်လက်    ဖြစ်ပေါ်လျက်ရှိသည့် အတွက်      နေအိမ်သုံးလုံးထပ်မံ ပြောင်းရွှေ့ခဲ့ရကြောင်း၊   အဆိုပါ ဖြစ်စဉ်ကြောင့် အသက်အန္တရာယ် နှင့် အခြားထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း၊      ယာယီကယ်ဆယ်ရေး လုပ်ငန်းများ    ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ        ဌာနအဆင့်ဆင့်သို့ ချိတ်ဆက်         အကူအညီတောင်းခံ ဆောင်ရွက်ခြင်းနှင့်         မြစ်ကမ်း ပြိုကျမှုအန္တရာယ်ကို   ဆက်လက် သတိပြု         စောင့်ကြည့်ဆောင်ရွက် ခြင်းများကို   ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း မြို့အုပ်ချုပ် ရေးမှူး  ဦးရဲထက်အောင်က ပြော ကြားသည်။

စိုးမင်းဦး(ပြန်/ဆက်)