ဖားကန့်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

 

ဖားကန့်     ဇွန်  ၂၉


ကချင်ပြည်နယ်    သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ဌာနဆိုင်ရာ  တာဝန်ရှိသူများနှင့် အတူ    ဖားကန့်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး      လုပ်ငန်းများ ဆောင်ရွက်နေမှုများကို   ဇွန် ၂၈ ရက်က    သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။ 

 


ရှေးဦးစွာ    ပြည်နယ်ဝန်ကြီး များသည်   မိုးညှင်းခရိုင်    စီမံ အုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးညီညီ လွင်၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ၊  တာဝန်ရှိသူများနှင့်အတူ မြို့နယ်   ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ           အသင်းမှ ဖားကန့်- လုံးခင်းလမ်းပိုင်း(မော် ဝမ်းရပ်ကွက်၊    ရှမ်းမဆီဆိုင်မှ လုံးခင်းကျေးရွာအုပ်စု  မှော်စီစာ ကျေးရွာအထိ)  အရှည်ပေ  ၉ ထောင်ကျော်ကို လမ်းအကျယ် ၂၄ ပေရှိ     ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း        ဆောင်ရွက်နေမှုနှင့်  ဖားကန့်မြို့အဝင် လမ်းကျဉ်းသည့် နေရာ၌       တောင်နံရံအားဖြို၍ လမ်းတိုးချဲ့‌     ဆောင်ရွက်နိုင်‌ရေး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ 

 


ဆက်လက်၍         ပြည်နယ်  ဝန်ကြီးသည်   တာဝန်ရှိသူများနှင့် အတူ  မော်ဝမ်းရပ်ကွက်အတွင်း ရပ်မိရပ်ဖများ၏ တင်ပြချက်အရ ဌာနဆိုင်ရာရုံးများနှင့်    ဒေသခံ ပြည်သူများ‌  နေထိုင်လျက်ရှိသည့် လမ်း၊ မူရင်းနှစ်ခြင်း အသင်းတော် ဘုရားကျောင်းသွားလမ်းတို့အား ကွန်ကရစ်လမ်း            ခင်းကျင်း ဆောင်ရွက်ပေးနိုင်ရေးနှင့်   ရပ် ကွက်အတွင်း  ရေနုတ်မြောင်းများ‌        ဖောက်လုပ်နေမှုတို့ကို    လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို     တာဝန်ရှိသူများ‌နှင့်      ပေါင်းစပ်ညှိနှိုင်း  ‌‌ဆောင်ရွက်ပေး ခဲ့သည်။ 

 


ထိုမှတစ်ဆင့်      ပြည်နယ် ဝန်ကြီးသည် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (ဖားကန့်)ရုံး၌ အသင်း         ဒုတိယဥက္ကဋ္ဌ  ဦးဇော်ရှန်လွမ်း၊ တာဝန်ရှိသူများ နှင့်တွေ့ဆုံပြီး    ဖားကန့်မြို့၌ ကျောက်မျက်      အရောင်းစင်တာ ဖွင့်လှစ်၍ ရောင်းချနိုင်ရေး  ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး အရောင်းစင်တာ နှင့်             ဈေးဆိုင်ခန်းများ တည်ဆောက်‌နေမှု    အ‌ခြေအနေ များကို         လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။    

 


ထို့နောက် မှော်မောင်မှော်တွင်  ကချင်တိုင်းရင်းသားများ ဖွံ့ဖြိုး  တိုးတက်ရေးကုမ္ပဏီ (KNDPC)မှ ရေဘေးအန္တရာယ်        တားဆီး ကာကွယ်ရေးအတွက် ဆောင်ရွက် ထားရှိသော ရေထုတ်မြောင်းအား ကြည့်ရှုစစ်ဆေးပြီး  ပြည်နယ် ဝန်ကြီးက ဖားကန့်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ် ပေါ်နိုင်သည့်            နေရာများအား စနစ်တကျကွင်းဆင်းစစ်ဆေး၍ တားဆီးကာကွယ်နိုင်ရေး ကြိုတင် စီမံ           ဆောင်ရွက်ထားရှိရေးနှင့် လိုအပ်သည်များကို    ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိ သူများနှင့်         ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း    သိရ သည်။ 


မြို့နယ်(ပြန်/ဆက်)