နေပြည်တော် ဇွန် ၂၂
လူငယ်လူရွယ်များနှင့် ကလေး ငယ်များ ယဉ်ကျေးလိမ္မာစေရန်နှင့် အသိပညာ ဗဟုသုတ တိုးပွားစေ ရန်အပြင် ဇာတ်သဘင် ကြိုက်နှစ် သက်ကြသည့် မိဘပြည်သူများ အတွက် “ (၃၈) ဖြာ မင်္ဂလာ အစီအစဉ်” ဆန်းသစ်တင်ဆက်မှုကို မေ ၂၁ ရက်မှ စတင်၍ အပတ်စဉ် စနေနေ့တိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ည ၈ နာရီသတင်းအပြီး တွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
အဆိုပါ (၃၈)ဖြာ မင်္ဂလာအစီအစဉ် များအနက် ဘဝတိုးတက်ရေး အဆုံးအမများစွာ ပါဝင်သည့် ပဏ္ဍိတာနဉ္စသေဝနာ (ပညာရှိ သူတော်ကောင်းတို့ကို ပေါင်းသင်း ဆည်းကပ်ခြင်း )နှင့် ဓမ္မစရိယာစ (မြတ်သော သုစရိုက်အကျင့်ကို ကျင့်ခြင်း) အစီအစဉ်နှစ်ခုကို ဇွန် ၂၅ ရက် (စနေနေ့) ည ၉ နာရီခန့် တွင် ဆက်လက်ပြသမည်ဖြစ် သည်။
ယင်းတင်ဆက်မှုကို နန်းတော် ရှေ့ ဆရာတင်၏မျိုးဆက် သဘင် ပညာရှင် ဦးနန်းဝင်းက ရေးသား ပူဇော်ပြီး ရန်ကုန်ဓူဝံတေးဂီတ အဖွဲ့၏ တီးခတ်မှုနှင့်အတူ နန်းဝင်း(ရွှေနန်းသဘင်)၊ တင်မောင် ဆန်းမင်းဝင်းနှင့် သဘင်ပညာရှင် များ၊ အနုပညာရှင်များက ပါဝင် တင်ဆက်ကြမည် ဖြစ်သည်။
ထို့ပြင် ဇွန် ၂၉ ရက် (ဗုဒ္ဓဟူး နေ့)တွင် ပဏ္ဍိတာနဉ္စ သေဝနာ (ပညာရှိ သူတော်ကောင်းတို့ကို ပေါင်းသင်းဆည်းကပ်ခြင်း) နှင့် ဇွန် ၃၀ ရက် (ကြာသပတေးနေ့) တွင် ဓမ္မစရိယာစ (မြတ်သော သုစရိုက်အကျင့်ကို ကျင့်ခြင်း)တို့ကို ညနေ ၆ နာရီ သတင်းအပြီး၌ တစ်ပိုင်းစီခွဲခြား၍ ပြန်လည်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်



