မြစ်ကြီးနားမြို့နယ် ဒေသဖွံ့ဖြိုးရေးကို အကျိုးပြုမည့် အမှတ်(၂) ဗလမင်းထင်တံတား

 

ဆောက်လုပ်ရေးဝန်ကြီးဌာန   တံတား ဦးစီးဌာန တည်ဆောက်ရေး(၁) တံတား အထူးအဖွဲ့(၁) သည် မြစ်ကြီးနားမြို့တွင် အခြေစိုက်ရုံးထားရှိပြီး ကချင်ပြည်နယ် အတွင်းရှိ တံတားများကို အသစ်တည် ဆောက်ခြင်း၊    အဆင့်မြှင့်တင်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

 


ဗလမင်းထင်တံတား အမှတ်(၂)ကို မြစ်ကြီးနားမြို့      မန္တလေး-လားရှိုး-ဗန်းမော်-  မြစ်ကြီးနားလမ်းပေါ်တွင် ဧရာဝတီမြစ်ကိုဖြတ်ကူး၍ တည်ဆောက် လျက်ရှိသည်။       တံတားအရှည်မှာ ချဉ်းကပ်တံတားအပါအဝင် ၃၂၁၂ ပေ (၉၇၉ မီတာ )ရှိပြီး ယာဉ်သွားလမ်းအကျယ် ၂၇ ပေ ၁၀ လက်မ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် သုံးပေ   လေးလက်မ ပါရှိမည်ဖြစ်သည်။ တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန် ဖြစ်သည်။ ဘိုးပိုင်ဖောင်ဒေးရှင်းအုတ်မြစ်၊   သံကူ ကွန်ကရစ်ရေလယ်တိုင်နှင့် ကမ်းကပ်ခုံ ကိုယ်ထည်၊   တံတားအပေါ်ထည်ပိုင်း Steel Box Girder &  R.C.C Slab အမျိုး အစားဖြစ်သည်။

 


ဧရာဝတီမြစ်ကူး လက်ရှိ ဗလမင်းထင် တံတားကို ၇-၈-၁၉၉၅ ရက်က စတင် တည်ဆောက်ခဲ့ပြီး ၁၄-၁၁-၁၉၉၈ ရက် က ဖွင့်လှစ်ခဲ့သည်။ တံတားအရှည်မှာ ၂၆၈၇ ဒသမ ၆၃ ပေဖြစ်ပြီး နှစ်လမ်းသွား သံပေါင်တံတားကြီးဖြစ်သည်။   ယာဉ် သွားလမ်းအကျယ် ၂၈ ပေနှင့် လူသွား လမ်းအကျယ် တစ်ဖက်လျှင် ခြောက်ပေ စီပါရှိပြီး   ခွင့်ပြုတန်ချိန်မှာ   တန် ၆၀ ဖြစ်သည်။ ၂၀၀၈ ခုနှစ် မိုးရာသီ ဇူလိုင် လတွင် လက်ရှိတံတား၏ ရေလယ်တိုင် အမှတ် (၅) သည် မြစ်ကြမ်းပြင် ရေတိုက် စားမှုကြောင့်    အနည်းငယ်နိမ့်ကျ၍ ရေဆန်ဘက်သို့လည်း    အနည်းငယ် ယိုင်သွားပြီး တံတားသံပေါင်နှစ်ခန်းမှာ လည်း ရေလယ်တိုင်အမှတ် (၅) နှင့်အတူ ရေဆန်ဘက်သို့ အနည်းငယ်ကွေးညွတ် သွားသည်။

 


တံတားဟောင်း၏   ရေလယ်တိုင် အမှတ် (၅) တိမ်းစောင်းမှုကို ထိန်းသိမ်း ရန်အတွက် အချင်း ခြောက်ပေ၊ အရှည် ၆၅ ပေရှိ Stand Pipe    ၃၂  လုံးဖြင့် အကြီးစားအားဖြည့် ပြင်ဆင်ထိန်းသိမ်း ခြင်းလုပ်ငန်းကို ၂၀၀၉ ခုနှစ် စက်တင် ဘာလမှ ၂၀၁၁ ခုနှစ်    မတ်လအထိ ဆောင်ရွက်ခဲ့သော်လည်း   တံတား၏ သက်တမ်းမှာ ၃၂ နှစ်ကျော် ကြာမြင့်လာ ပြီဖြစ်သည့်အတွက်  ကြံ့ခိုင်မှုအားနည်း လာသည့်အပြင်  မူလအနေအထားသို့ ရောက်ရှိသည်အထိ   ပြုပြင်၍မရနိုင် တော့ခြင်းကြောင့် ပြန်လည်ပြုပြင်ခြင်း ထက် တံတားအသစ်တစ်စင်း   တည် ဆောက်ရမည့်အနေအထားသို့ ရောက်ရှိ ခဲ့သည်။

 


ယခုအချိန်မှာ လမ်းပန်းဆက်သွယ် ရေး  ပိုမိုကောင်းမွန်လာသည်နှင့်အမျှ ယာဉ်စီးရေ   ပိုမိုများပြားလာခြင်းနှင့် ယာဉ်တန်ချိန်များ ပိုမိုသယ်ယူပို့ဆောင် လာခြင်းတို့ကြောင့် တံတား၏ကြံ့ခိုင်မှုကို နေ့စဉ်နှင့်အမျှ ထိခိုက်ပျက်စီးစေသဖြင့် တံတား၏ ခံနိုင်ဝန်  တန်ချိန်ကိုလည်း ယခင်ခွင့်ပြုတန်ချိန် ၆၀ မှ ယခုခွင့်ပြု တန်ချိန် ၃၆ တန်သို့ လျှော့ချသတ်မှတ် ခဲ့ရသည်။

 


လက်ရှိ   ဗလမင်းထင်   ဧရာဝတီ မြစ်ကူးတံတားသည်   တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု      လမ်းကြောင်း ကန်ပိုက်တီအဝင်ပေါက်မှ       ကချင် ပြည်နယ်မြို့တော်   မြစ်ကြီးနားမြို့ကို ဖြတ်သန်း၍         အိန္ဒိယနိုင်ငံအထိ ဆက်သွယ်ထားသော လီဒိုလမ်းမကြီးပေါ် တွင် တည်ရှိသောကြောင့် နိုင်ငံအချင်းချင်း ကုန်သွယ်မှုတွင် အဓိကကျသည့် တံတား ဖြစ်သည်။ ထို့အပြင်  ကချင်ပြည်နယ် အတွင်း ဧရာဝတီမြစ်၏   အရှေ့ဘက် ကမ်းနှင့် အနောက်ဘက်ကမ်းဒေသများ ဖွံ့ဖြိုးရေးအတွက် အရေးပါသည့် တစ်ခု တည်းသော  ဧရာဝတီမြစ်ကူးတံတား ဖြစ်ခြင်းကြောင့်  မမျှော်မှန်းနိုင်သော အကြောင်းအရာတစ်ခုခုကြောင့် တံတား ကြံ့ခိုင်မှု ထိခိုက်ပျက်စီးလာလျှင် အရန် ဆက်သွယ်နိုင်သည့်လမ်းကြောင်း  မရှိ သဖြင့် ဒေသတွင်း လမ်းပန်းဆက်သွယ် ရေးနှင့် နယ်စပ်ကုန်သွယ်စီးဆင်းမှုကို လည်း ဆိုးရွားစွာ   ထိခိုက်စေနိုင်မည် ဖြစ်သည်။   သို့ဖြစ်၍   ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနှင့်  လမ်းပန်း ဆက်သွယ်မှု          လုံခြုံချောမွေ့စေရေး အတွက် ဧရာဝတီမြစ်ကူးတံတားအသစ် တစ်စင်း   မဖြစ်မနေတည်ဆောက်ရန် လိုအပ်လာသဖြင့်   စီမံကိန်း  စတင် ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

 


တံတားသစ်       တည်ဆောက်ရန် အတွက်  အကြိုအင်ဂျင်နီယာလုပ်ငန်း များကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနက ကြီးကြပ်ဆောင်ရွက် ခဲ့သည်။   ကချင်ပြည်နယ်အခြေစိုက် တံတားအထူးအဖွဲ့(၁) ၏     လေ့လာ ဆန်းစစ်တင်ပြချက်အပေါ်   သဘာဝ ပတ်ဝန်းကျင်နှင့် လူနေမှုဘဝ ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနတို့က အဘက်ဘက်မှစဉ်းစားပြီး ယခု တည်ဆောက်လျက်ရှိသည့်    တံတား နေရာကို ရွေးချယ်ခဲ့ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၁၆-၁၀-၂၀၂၁ ရက်တွင်   ဆောက်လုပ်ရေး ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့      ဝန်ကြီးများက ပန္နက်တင်ပေးပြီးနောက် လက်ရှိအချိန် တွင် တံတားဦးစီးဌာန   တည်ဆောက် ရေးအဖွဲ့(၁) တံတားအထူးအဖွဲ့ (၁) က တာဝန်ယူ၍ ဆက်လက်တည်ဆောက် လျက်ရှိပေသည်။             ။   

ခရမ်းစိုးမြင့်